• ကားပြတင်းမှန်ကို ဘယ်လိုသန့်ရှင်းသင့်သလဲ

    ကားပြတင်းမှန်ကို ဘယ်လိုသန့်ရှင်းသင့်သလဲ

    သင့်ကားရဲ့ ပြတင်းမှန်တွေကို သန့်ရှင်းရေးလုပ်ရတာဟာ ရိုးရှင်းလွယ်ကူတဲ့ အရာတစ်ခုလို့ ထင်ချင်စရာပါ။ ဒါပေမယ့် အစက်အပျောက်တွေ၊ အခိုးအငွေ့တွေ ကင်းစင်ပြီး သေသေချာချာ သန့်စင်နေဖို့ ဆိုတာတော့ တစ်ခါတစ်ရံ အခက်ကြုံရနိုင်ပါတယ်။ ကားအတွင်းမှာ ဆေးလိပ်မသောက်တဲ့သူရဲ့ ကားပြတင်းတွေတောင် အတွင်းမှန်မှာ ချွတ်ရခက်တဲ့ အခိုးအငွေ့ရာ ထင်ကျန်တတ်ပါတယ်။ အဆိုပါ အငွေ့ရိုက်တဲ့ အရာဟာ ပလတ်စတစ်တံခါးဘောင်၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံနဲ့ ခြေနင်းတို့ကနေ လပေါင်းများစွာ ထွက်ထားတဲ့ ဓါတုအခိုးအငွေ့တွေလည်း ဖြစ်နိုင်တယ်။ ဒီ အခိုးအငွေ့ တွေက ကျန်းမာရေးကို ထိခိုက်နိုင်လောက်အောင်တော့ မဟုတ်ပေမယ့် နေပြင်းပြင်းထိုးတဲ့အခါ မလွဲမရှောင်သာ ဖြစ်တတ်တဲ့အတွက် ဒါတွေကို ရှင်းဖို့ဟာ ကားပြတင်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် ခက်ခဲတဲ့ အပိုင်း ဖြစ်လာနိုင်ပါတယ်။ ကားပြတင်းရဲ့ အပြင်ဘက်မှာလည်း အလားတူဖြစ်နိုင်တာပါပဲ။ သင့်ကားကိုမောင်းနှင်တဲ့အခါ လမ်းတွေ၊ သစ်ပင်တွေ၊

  • ကားပါဝါတိုးမြင့်စေမယ့် အစိတ်အပိုင်းများနှင့် ကိုယ်တိုင် Upgrade လုပ်ဖို့

    ကားပါဝါတိုးမြင့်စေမယ့် အစိတ်အပိုင်းများနှင့် ကိုယ်တိုင် Upgrade လုပ်ဖို့

    သင့်ရဲ့ကားတစ်စင်းအတွက် အမြင့်မားဆုံး အမြန်နှုန်းရရှိဖို့၊ စွမ်းဆောင်ရည်မြှင့်ပေးတဲ့ အစိတ်အပိုင်းတွေ ကနေ မြင်းကောင်ရေ စွမ်းအား တိုးမြှင့်ပေးဖို့ ဆိုရင် ကားရဲ့ အစိတ်အပိုင်းတွေ အားလုံးက လိုက်ဖက်ညီစွာ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကားအမျိုးအစားအတွက် ဘယ်ပစ္စည်း အစိတ်အပိုင်းတွေ ပေါင်းစပ်တာက အကောင်းဆုံး ဖြစ်မလဲဆိုတာကို ကျွမ်းကျင်သူတွေဆီက အကြံဥာဏ်တောင်းခံဖို့ လိုအပ်ပြီး၊ အထူးသဖြင့် တစ်ခါကို အစိတ်အပိုင်းတစ်ခုပဲ Modify လုပ်မယ်ဆိုရင် ဘယ်အစိတ်အပိုင်းကို အရင်ပြောင်းလဲသင့်တယ်ဆိုတာ သိထားသင့်ပါတယ်။ မိမိကားအင်ဂျင်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရှာဖွေပြီး စွမ်းအားမြှင့်တင်ဖို့အတွက် မြင်းကောင်ရေ စွမ်းအား တိုးမြင့်ခြင်းကို လေ့လာရမှာ ဖြစ်ကာ ပုံမှန်မောင်းနှင်နေတဲ့ အချိန်မှာတောင် လောင်စာကုန်ကျမှုကို လျော့ချပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ ငွေကြေးအရမ်းမကုန်ကျ၊ အလုပ်အရမ်းမရှုပ်ဘဲ ကိုယ့်ကားအင်ဂျင်ရဲ့ မြင်းကောင်ရေအားကို တိုးမြှင့်နိုင်ဖို့အတွက် အကြံပေးချင်တာကတော့ … ၁.

  • သင့်ကားဘတ္ထရီကို မလဲမိခင် စစ်ဆေးသင့်တဲ့ အချက်များ

    သင့်ကားဘတ္ထရီကို မလဲမိခင် စစ်ဆေးသင့်တဲ့ အချက်များ

    ကားဘတ္ထရီအသစ်တစ်ခု လဲလှယ်ဖို့ စစ်ဆေးရမယ့် အချက်အလက်တွေက အရမ်းမရှုပ်ထွေးပါဘူး။ မတူညီတဲ့ ကားဘတ္ထရီ အမျိုးအစားတွေ ရှိနေပေမယ့် ကိုယ်တတ်နိုင်တဲ့ ဘတ်ဂျက်ထဲကနေ စွမ်းဆောင်ရည် မြင့်တဲ့ ဘတ္ထရီကို ရှာဖို့အတွက် အကြံပေးနိုင်တာတွေ ရှိပါတယ်။ အရွယ်အစားတွေ မတူပေမယ့်၊ တစ်ချို့သော အမှတ်တံဆိပ်တွေက ကိုယ့်ကားအတွက် မလိုက်ဖက်နိုင်ပေမယ့် CCA, အရံသိုလှောင်အား နဲ့ အနိမ့်ဆုံး အမြင့်ဆုံး စက်နှင်အပူချိန် စတဲ့ အချက်အလက်တွေနဲ့ နည်းပညာအခေါ်အဝေါ်တွေကို သိရင် ကိုယ့်စိတ်ကြိုက် ဘတ္ထရီ တစ်လုံးကို ရနိုင်မှာပါ။ ကားဘတ္ထရီလဲလှယ်ခြင်း – အရေးကြီးအချက်များ အစားထိုးဖို့ ဘတ္ထရီကို အရင်မရှာခင် လက်ရှိဘတ္ထရီရဲ့ အချက်အလက်တွေကို သိနေဖို့ အရေးကြီးပါတယ်။ ပထမဆုံး အားကုန်နေတဲ့ ဘတ္ထရီတစ်လုံးဟာ လဲလှယ်ဖို့ လိုချင်မှ လိုမှာပါ။ ဘတ္ထရီတစ်ခု အားမထုတ်နိုင်တော့တာက

© Copyright 2019 Optima Werkz Yangon