ကားျပတင္းမွန္ကို ဘယ္လိုသန္႔ရွင္းသင့္သလဲ

ကားျပတင္းမွန္ကို ဘယ္လိုသန္႔ရွင္းသင့္သလဲ

သင့္ကားရဲ႕ ျပတင္းမွန္ေတြကို သန္႔ရွင္းေရးလုပ္ရတာဟာ ရုိးရွင္းလြယ္ကူတဲ့ အရာတစ္ခုလို႔ ထင္ခ်င္စရာပါ။ ဒါေပမယ့္ အစက္အေပ်ာက္ေတြ၊ အခုိးအေငြ႕ေတြ ကင္းစင္ျပီး ေသေသခ်ာခ်ာ သန္႔စင္ေနဖို႔ ဆုိတာေတာ့ တစ္ခါတစ္ရံ အခက္ၾကဳံရႏုိင္ပါတယ္။

ကားအတြင္းမွာ ေဆးလိပ္မေသာက္တဲ့သူရဲ႕ ကားျပတင္းေတြေတာင္ အတြင္းမွန္မွာ ခၽြတ္ရခက္တဲ့ အခုိးအေငြ႕ရာ ထင္က်န္တတ္ပါတယ္။ အဆုိပါ အေငြ႕ရုိက္တဲ့ အရာဟာ ပလတ္စတစ္တံခါးေဘာင္၊ ဒက္ရွ္ဘုတ္၊ ထုိင္ခုံနဲ႔ ေျခနင္းတုိ႔ကေန လေပါင္းမ်ားစြာ ထြက္ထားတဲ့ ဓါတုအခုိးအေငြ႕ေတြလည္း ျဖစ္ႏုိင္တယ္။ ဒီ အခုိးအေငြ႕ ေတြက က်န္းမာေရးကို ထိခိုက္ႏုိင္ေလာက္ေအာင္ေတာ့ မဟုတ္ေပမယ့္ ေနျပင္းျပင္းထုိးတဲ့အခါ မလြဲမေရွာင္သာ ျဖစ္တတ္တဲ့အတြက္ ဒါေတြကို ရွင္းဖို႔ဟာ ကားျပတင္းကို သန္႔ရွင္းေရးလုပ္ဖို႔အတြက္ ခက္ခဲတဲ့ အပုိင္း ျဖစ္လာႏုိင္ပါတယ္။

ကားျပတင္းရဲ႕ အျပင္ဘက္မွာလည္း အလားတူျဖစ္ႏုိင္တာပါပဲ။ သင့္ကားကိုေမာင္းႏွင္တဲ့အခါ လမ္းေတြ၊ သစ္ပင္ေတြ၊ ပန္းဝတ္ဆံေတြနဲ႔ ျဖတ္သန္းလာမိတဲ့ အမႈိက္သရုိက္ေတြက ကပ္ခါစမွာ မသိသာေပမယ့္ ျပတင္းမွန္ တစ္ခုလုံး အစက္အေပ်ာက္ေတြ ျဖစ္လာျပီး သန္႔ရွင္းဖို႔ ခက္တာမ်ဳိး ၾကဳံရႏုိင္ပါတယ္။ မဖယ္ရွားမိရင္ေတာ့ ျမင္ေနရရင္ စိတ္အေႏွာင့္အယွက္ ၾကဳံေနရမွာပါပဲ။

၁. ကားကုိေရေဆးပါ၊ ျပတင္းေတြကို ေနာက္ဆုံးမွ ေဆးပါ။
၂. အျပင္ဘက္မွန္ကို မွန္သန္႔စင္ရည္ အသုံးျပဳျပီး ေဆးေၾကာပါ။ ျပတင္းမွန္ေတြကို ေဒါင္လုိက္သုတ္ျပီးမွ မုိက္ခရုိ ဖုိင္ဘာတာဝါနဲ႔ ကန္႔လန္႔ျဖတ္ ျပန္သုတ္သင္ပါ။ ထို႔ေနာက္ အညစ္အေၾကးေတြ အစြန္းအထင္းေတြ ေျပာင္စင္သြားတဲ့ထိ ေဒါင္လုိက္၊ ကန္႔လန္႔ျဖတ္ သုတ္တာကို တလွည့္စီလုပ္ပါ။

၃. အေပၚဘက္ေဘာင္နဲ႔ ထိေတြ႕တဲ့ ျပတင္းမွန္ရဲ႕ အစိတ္အပုိင္းေတြကို ေသခ်ာ သန္႔ရွင္းပါ။ မုိက္ခရုိဖိုင္ဘာ အဝတ္စ တစ္ခုကို အသုံးျပဳျပီး မွန္ရဲ႕ထိပ္ပုိင္းတေလ်ာက္ကို သုတ္ေပးႏုိင္ပါတယ္။ ကပ္ညိေနတဲ့ အရာေတြကို သန္႔ရွင္းေစခ်င္ရင္ေတာ့ အားနည္းနည္းသုံးျပီး ဖိပြတ္တုိက္လို႔ ရပါတယ္။
၄. ျပတင္းရဲ႕ အတြင္းဘက္ကို သန္႔ရွင္းျပီးရင္ အျပင္ဘက္ကို တစ္ခါျပန္ သန္႔စင္ပါ။
၅. ျပတင္းအျပင္ဘက္ကို မုိးနဲ႔ ေရစက္စင္ျခင္းကို ကာကြယ္ေပးတဲ့ Repellent တစ္ခုခု အသုံးျပဳပါ။

အခ်ိန္အနည္းငယ္ၾကာျမင့္ႏုိင္ျပီး ထပ္ခါတလဲလဲ ျပဳလုပ္ရတဲ့ အပုိင္းေတြ ရွိေပမယ့္ ျပတင္းမွန္သန္႔ရွင္းမႈဟာ ေမာင္းႏွင္သူရဲ႕ အျမင္ကိုေရာ၊ စိတ္ကိုပါ ၾကည္လင္ေစမွာပါ။

ကိုယ့္ရဲ႕ကားမွန္ပိုင္းနဲ႔ ပတ္သက္ျပီး အဆင့္ျမွင့္တင္ခ်င္တာပဲ ျဖစ္ျဖစ္၊ ကားက်န္းမာေရးအတြက္ စစ္ေဆးခ်င္တာပဲ ျဖစ္ျဖစ္ ကၽြမ္းက်င္သူေတြ ရွိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖုိ႔ ဖိတ္ေခၚလိုက္ပါတယ္။ ကားအမ်ဳိးအစား မ်ဳိးစုံကို ကၽြမ္းက်င္စြာ ျပဳျပင္မြမ္းမံေပးႏုိင္တဲ့ Optima Werkz Yangon ကိုဆက္သြယ္လိုရင္ေတာ့ ဖုန္းနံပါတ္ +95 9782626 888, +95 9782626 999 ကုိဆက္သြယ္ႏုိင္ပါတယ္။

Ref – https://shop.advanceautoparts.com/r/car-projects/how-to-clean-car-windows

Unicode

သင့်ကားရဲ့ ပြတင်းမှန်တွေကို သန့်ရှင်းရေးလုပ်ရတာဟာ ရိုးရှင်းလွယ်ကူတဲ့ အရာတစ်ခုလို့ ထင်ချင်စရာပါ။ ဒါပေမယ့် အစက်အပျောက်တွေ၊ အခိုးအငွေ့တွေ ကင်းစင်ပြီး သေသေချာချာ သန့်စင်နေဖို့ ဆိုတာတော့ တစ်ခါတစ်ရံ အခက်ကြုံရနိုင်ပါတယ်။

ကားအတွင်းမှာ ဆေးလိပ်မသောက်တဲ့သူရဲ့ ကားပြတင်းတွေတောင် အတွင်းမှန်မှာ ချွတ်ရခက်တဲ့ အခိုးအငွေ့ရာ ထင်ကျန်တတ်ပါတယ်။ အဆိုပါ အငွေ့ရိုက်တဲ့ အရာဟာ ပလတ်စတစ်တံခါးဘောင်၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံနဲ့ ခြေနင်းတို့ကနေ လပေါင်းများစွာ ထွက်ထားတဲ့ ဓါတုအခိုးအငွေ့တွေလည်း ဖြစ်နိုင်တယ်။ ဒီ အခိုးအငွေ့ တွေက ကျန်းမာရေးကို ထိခိုက်နိုင်လောက်အောင်တော့ မဟုတ်ပေမယ့် နေပြင်းပြင်းထိုးတဲ့အခါ မလွဲမရှောင်သာ ဖြစ်တတ်တဲ့အတွက် ဒါတွေကို ရှင်းဖို့ဟာ ကားပြတင်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် ခက်ခဲတဲ့ အပိုင်း ဖြစ်လာနိုင်ပါတယ်။

ကားပြတင်းရဲ့ အပြင်ဘက်မှာလည်း အလားတူဖြစ်နိုင်တာပါပဲ။ သင့်ကားကိုမောင်းနှင်တဲ့အခါ လမ်းတွေ၊ သစ်ပင်တွေ၊ ပန်းဝတ်ဆံတွေနဲ့ ဖြတ်သန်းလာမိတဲ့ အမှိုက်သရိုက်တွေက ကပ်ခါစမှာ မသိသာပေမယ့် ပြတင်းမှန် တစ်ခုလုံး အစက်အပျောက်တွေ ဖြစ်လာပြီး သန့်ရှင်းဖို့ ခက်တာမျိုး ကြုံရနိုင်ပါတယ်။ မဖယ်ရှားမိရင်တော့ မြင်နေရရင် စိတ်အနှောင့်အယှက် ကြုံနေရမှာပါပဲ။

၁. ကားကိုရေဆေးပါ၊ ပြတင်းတွေကို နောက်ဆုံးမှ ဆေးပါ။
၂. အပြင်ဘက်မှန်ကို မှန်သန့်စင်ရည် အသုံးပြုပြီး ဆေးကြောပါ။ ပြတင်းမှန်တွေကို ဒေါင်လိုက်သုတ်ပြီးမှ မိုက်ခရို ဖိုင်ဘာတာဝါနဲ့ ကန့်လန့်ဖြတ် ပြန်သုတ်သင်ပါ။ ထို့နောက် အညစ်အကြေးတွေ အစွန်းအထင်းတွေ ပြောင်စင်သွားတဲ့ထိ ဒေါင်လိုက်၊ ကန့်လန့်ဖြတ် သုတ်တာကို တလှည့်စီလုပ်ပါ။

၃. အပေါ်ဘက်ဘောင်နဲ့ ထိတွေ့တဲ့ ပြတင်းမှန်ရဲ့ အစိတ်အပိုင်းတွေကို သေချာ သန့်ရှင်းပါ။ မိုက်ခရိုဖိုင်ဘာ အဝတ်စ တစ်ခုကို အသုံးပြုပြီး မှန်ရဲ့ထိပ်ပိုင်းတလျောက်ကို သုတ်ပေးနိုင်ပါတယ်။ ကပ်ညိနေတဲ့ အရာတွေကို သန့်ရှင်းစေချင်ရင်တော့ အားနည်းနည်းသုံးပြီး ဖိပွတ်တိုက်လို့ ရပါတယ်။
၄. ပြတင်းရဲ့ အတွင်းဘက်ကို သန့်ရှင်းပြီးရင် အပြင်ဘက်ကို တစ်ခါပြန် သန့်စင်ပါ။
၅. ပြတင်းအပြင်ဘက်ကို မိုးနဲ့ ရေစက်စင်ခြင်းကို ကာကွယ်ပေးတဲ့ Repellent တစ်ခုခု အသုံးပြုပါ။

အချိန်အနည်းငယ်ကြာမြင့်နိုင်ပြီး ထပ်ခါတလဲလဲ ပြုလုပ်ရတဲ့ အပိုင်းတွေ ရှိပေမယ့် ပြတင်းမှန်သန့်ရှင်းမှုဟာ မောင်းနှင်သူရဲ့ အမြင်ကိုရော၊ စိတ်ကိုပါ ကြည်လင်စေမှာပါ။

ကိုယ့်ရဲ့ကားမှန်ပိုင်းနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်ချင်တာပဲ ဖြစ်ဖြစ်၊ ကားကျန်းမာရေးအတွက် စစ်ဆေးချင်တာပဲ ဖြစ်ဖြစ် ကျွမ်းကျင်သူတွေ ရှိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကားအမျိုးအစား မျိုးစုံကို ကျွမ်းကျင်စွာ ပြုပြင်မွမ်းမံပေးနိုင်တဲ့ Optima Werkz Yangon ကိုဆက်သွယ်လိုရင်တော့ ဖုန်းနံပါတ် +95 9782626 888, +95 9782626 999 ကိုဆက်သွယ်နိုင်ပါတယ်။

© Copyright 2019 Optima Werkz Yangon