ကားပါဝါတုိးျမင့္ေစမယ့္ အစိတ္အပုိင္းမ်ားႏွင့္ ကိုယ္တုိင္ Upgrade လုပ္ဖို႔

ကားပါဝါတုိးျမင့္ေစမယ့္ အစိတ္အပုိင္းမ်ားႏွင့္ ကိုယ္တုိင္ Upgrade လုပ္ဖို႔

သင့္ရဲ႕ကားတစ္စင္းအတြက္ အျမင့္မားဆုံး အျမန္ႏႈန္းရရွိဖို႔၊ စြမ္းေဆာင္ရည္ျမွင့္ေပးတဲ့ အစိတ္အပုိင္းေတြ ကေန ျမင္းေကာင္ေရ စြမ္းအား တုိးျမွင့္ေပးဖို႔ ဆုိရင္ ကားရဲ႕ အစိတ္အပုိင္းေတြ အားလုံးက လိုက္ဖက္ညီစြာ အလုပ္လုပ္ဖို႔ လိုအပ္ပါတယ္။ ကိုယ့္ကားအမ်ဳိးအစားအတြက္ ဘယ္ပစၥည္း အစိတ္အပုိင္းေတြ ေပါင္းစပ္တာက အေကာင္းဆုံး ျဖစ္မလဲဆုိတာကို ကၽြမ္းက်င္သူေတြဆီက အၾကံဥာဏ္ေတာင္းခံဖို႔ လိုအပ္ျပီး၊ အထူးသျဖင့္ တစ္ခါကို အစိတ္အပုိင္းတစ္ခုပဲ Modify လုပ္မယ္ဆုိရင္ ဘယ္အစိတ္အပုိင္းကို အရင္ေျပာင္းလဲသင့္တယ္ဆုိတာ သိထားသင့္ပါတယ္။

မိမိကားအင္ဂ်င္ရဲ႕ အျမင့္ဆုံးစြမ္းေဆာင္ရည္ကို ရွာေဖြျပီး စြမ္းအားျမွင့္တင္ဖို႔အတြက္ ျမင္းေကာင္ေရ စြမ္းအား တုိးျမင့္ျခင္းကို ေလ့လာရမွာ ျဖစ္ကာ ပုံမွန္ေမာင္းႏွင္ေနတဲ့ အခ်ိန္မွာေတာင္ ေလာင္စာကုန္က်မႈကို ေလ်ာ့ခ်ေပးႏုိင္ေကာင္း ေပးႏုိင္ပါလိမ့္မယ္။ ေငြေၾကးအရမ္းမကုန္က်၊ အလုပ္အရမ္းမရႈပ္ဘဲ ကိုယ့္ကားအင္ဂ်င္ရဲ႕ ျမင္းေကာင္ေရအားကို တုိးျမွင့္ႏုိင္ဖို႔အတြက္ အၾကံေပးခ်င္တာကေတာ့ …

၁. Performance Air Filter ကိုေျပာင္းသုံးပါ – ျမင္းေကာင္ေရအားနဲ႔ စြမ္းေဆာင္ရည္ တုိးျမွင့္ဖို႔ဆုိရင္ အင္ဂ်င္ထဲကို ေလနဲ႔ ေလာင္စာေတြ ပိုျပီး ျဖတ္သန္းဖို႔ လိုပါတယ္။ Performance Air Filter ေျပာင္းလဲတပ္ဆင္ ထားရင္ အင္ဂ်င္ထဲကို ပိုျပီး ေလဝင္ေလထြက္ လြတ္လပ္ေကာင္းမြန္ေစမွာပါ။

၂. Cold-Air Intake စနစ္ ထည့္ပါ – Cold-air Intake (CAI) system ဟာ ျပင္ပေလေအးေတြကို အင္ဂ်င္ထဲသုိ႔ ဝင္ေရာက္ေစပါတယ္။ (ျပင္ပက ဝင္လာတဲ့ ေလေအးေတြက ပိုသိပ္သည္းျပီးေတာ့ စြမ္းအင္ပုိထြက္ေစတယ္)

၃. စြမ္းေဆာင္ရည္ျမင့္ အိပ္ေဇာစနစ္ ထည့္ပါ – ကားစြမ္းရည္ျမင့္လာတဲ့အမွ် ပိုမ်ားလာမယ့္ အင္ဂ်င္ထဲက ေလပူေတြကို ထုတ္ပစ္ဖို႔ စြမ္းေဆာင္ရည္ျမင့္မားတဲ့ cat-back exhaust system တစ္ခုနဲ႔ အိပ္ေဇာ Headers ကို ထည့္သြင္းထားရမွာ ျဖစ္ပါတယ္။ headers ေတြထည့္သြင္းေတာ့မယ္ဆုိရင္ ကားအစိတ္အပုိင္းအခ်ဳိ႕ကို ေခတၱဖယ္ရွားရျခင္း စတာေတြ ပါဝင္တဲ့ အခ်ိန္ယူရတဲ့ အလုပ္တစ္ခု ျဖစ္သြားႏုိင္တယ္ ဆုိတာကိုေတာ့ သိထားရပါမယ္။

၄. ေလာင္စာသယ္ပုိ႔မႈကို ေျပာင္းလဲပါ – ေလာင္စာဆီ တုိက္ရုိက္ထည့္သြင္းရတဲ့ ယာဥ္ေတြမွာေတာ့ ေလာင္စာ သယ္ယူစီးဆင္းမႈစနစ္နဲ႔ ပတ္သက္ျပီး အမ်ားၾကီးလုပ္လို႔ ရတာ မရွိပါဘူး။ ကာဘရုိက္တာေတြနဲ႔ ေမာ္ဒယ္ေဟာင္း ေတြမွာေတာ့ Aftermarket ကာဘရုိက္တာ တစ္ခုကို ေျပာင္းလဲျခင္းက စြမ္းရည္ပုိင္းမွာ ၾကီးမားတဲ့ ေျပာင္းလဲမႈကို ေပးႏုိင္ပါတယ္။ ကာဘရုိက္တာကို Intake Manifold ထက္ တစ္လက္မေလာက္ ျမွင့္တင္ေပးမယ့္ Phenolic Riser တစ္ခုကိုလည္း လိုခ်င္ေကာင္းလိုခ်င္ပါလိမ့္မယ္။ အဲဒီလို ျမွင့္တင္လုိက္ျခင္းအားျဖင့္ ေလာင္စာနဲ႔ ေလအား စီးဆင္းမႈအရွိန္ကို ပိုထုတ္ေပးႏုိင္သလို ကာဘရုိက္တာအား အင္ဂ်င္အပူရွိန္နဲ႔ အနည္းငယ္ေဝးသြားေစတဲ့အတြက္ ေလာင္စာထဲကို ပိုေအးတဲ့ ေလကို ေရာစပ္ႏုိင္ေစမယ္။

၅. ကြန္ပ်ဴတာစနစ္ေတြကို Reprogram ျပန္ခ်ိန္ညွိပါ – ကြန္ပ်ဴတာထိန္းခ်ဳပ္စနစ္ ပါဝင္တဲ့ အင္ဂ်င္နဲ႔ ယာဥ္ေတြမွာ ျပန္လည္ Reprogram ျပဳလုပ္ျခင္းက Timing ကိုတုိးတက္ေစျပီး ေလာင္စာေပးပို႔စီးဆင္းမႈကို ပုိမုိ ထိေရာက္မႈ ရွိေစပါတယ္။ ဒါေပမယ့္ ျပဳလုပ္မယ္ဆုိရင္ေတာ့ ညႊန္ၾကားခ်က္ေတြကို အတိအက် လိုက္နာဖို႔ ဂရုစုိက္ရမွာပါ။

ကိုယ့္ရဲ႕ ကားကို အဆင့္ျမွင့္တင္ခ်င္တာပဲ ျဖစ္ျဖစ္၊ ကားက်န္းမာေရးအတြက္ စစ္ေဆးခ်င္တာပဲ ျဖစ္ျဖစ္ ကၽြမ္းက်င္သူေတြ ရွိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖုိ႔ ဖိတ္ေခၚလိုက္ပါတယ္။ ကားအမ်ဳိးအစား မ်ဳိးစုံကို ကၽြမ္းက်င္စြာ ျပဳျပင္မြမ္းမံေပးႏုိင္တဲ့ Optima Werkz Yangon ကိုဆက္သြယ္လိုရင္ေတာ့ ဖုန္းနံပါတ္ +95 9782626 888, +95 9782626 999 ကုိဆက္သြယ္ႏုိင္ပါတယ္။

Unicode

သင့်ရဲ့ကားတစ်စင်းအတွက် အမြင့်မားဆုံး အမြန်နှုန်းရရှိဖို့၊ စွမ်းဆောင်ရည်မြှင့်ပေးတဲ့ အစိတ်အပိုင်းတွေ ကနေ မြင်းကောင်ရေ စွမ်းအား တိုးမြှင့်ပေးဖို့ ဆိုရင် ကားရဲ့ အစိတ်အပိုင်းတွေ အားလုံးက လိုက်ဖက်ညီစွာ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကားအမျိုးအစားအတွက် ဘယ်ပစ္စည်း အစိတ်အပိုင်းတွေ ပေါင်းစပ်တာက အကောင်းဆုံး ဖြစ်မလဲဆိုတာကို ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်တောင်းခံဖို့ လိုအပ်ပြီး၊ အထူးသဖြင့် တစ်ခါကို အစိတ်အပိုင်းတစ်ခုပဲ Modify လုပ်မယ်ဆိုရင် ဘယ်အစိတ်အပိုင်းကို အရင်ပြောင်းလဲသင့်တယ်ဆိုတာ သိထားသင့်ပါတယ်။

မိမိကားအင်ဂျင်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရှာဖွေပြီး စွမ်းအားမြှင့်တင်ဖို့အတွက် မြင်းကောင်ရေ စွမ်းအား တိုးမြင့်ခြင်းကို လေ့လာရမှာ ဖြစ်ကာ ပုံမှန်မောင်းနှင်နေတဲ့ အချိန်မှာတောင် လောင်စာကုန်ကျမှုကို လျော့ချပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ ငွေကြေးအရမ်းမကုန်ကျ၊ အလုပ်အရမ်းမရှုပ်ဘဲ ကိုယ့်ကားအင်ဂျင်ရဲ့ မြင်းကောင်ရေအားကို တိုးမြှင့်နိုင်ဖို့အတွက် အကြံပေးချင်တာကတော့ …

၁. Performance Air Filter ကိုပြောင်းသုံးပါ – မြင်းကောင်ရေအားနဲ့ စွမ်းဆောင်ရည် တိုးမြှင့်ဖို့ဆိုရင် အင်ဂျင်ထဲကို လေနဲ့ လောင်စာတွေ ပိုပြီး ဖြတ်သန်းဖို့ လိုပါတယ်။ Performance Air Filter ပြောင်းလဲတပ်ဆင် ထားရင် အင်ဂျင်ထဲကို ပိုပြီး လေဝင်လေထွက် လွတ်လပ်ကောင်းမွန်စေမှာပါ။

၂. Cold-Air Intake စနစ် ထည့်ပါ – Cold-air Intake (CAI) system ဟာ ပြင်ပလေအေးတွေကို အင်ဂျင်ထဲသို့ ဝင်ရောက်စေပါတယ်။ (ပြင်ပက ဝင်လာတဲ့ လေအေးတွေက ပိုသိပ်သည်းပြီးတော့ စွမ်းအင်ပိုထွက်စေတယ်)

၃. စွမ်းဆောင်ရည်မြင့် အိပ်ဇောစနစ် ထည့်ပါ – ကားစွမ်းရည်မြင့်လာတဲ့အမျှ ပိုများလာမယ့် အင်ဂျင်ထဲက လေပူတွေကို ထုတ်ပစ်ဖို့ စွမ်းဆောင်ရည်မြင့်မားတဲ့ cat-back exhaust system တစ်ခုနဲ့ အိပ်ဇော Headers ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ headers တွေထည့်သွင်းတော့မယ်ဆိုရင် ကားအစိတ်အပိုင်းအချို့ကို ခေတ္တဖယ်ရှားရခြင်း စတာတွေ ပါဝင်တဲ့ အချိန်ယူရတဲ့ အလုပ်တစ်ခု ဖြစ်သွားနိုင်တယ် ဆိုတာကိုတော့ သိထားရပါမယ်။

၄. လောင်စာသယ်ပို့မှုကို ပြောင်းလဲပါ – လောင်စာဆီ တိုက်ရိုက်ထည့်သွင်းရတဲ့ ယာဉ်တွေမှာတော့ လောင်စာ သယ်ယူစီးဆင်းမှုစနစ်နဲ့ ပတ်သက်ပြီး အများကြီးလုပ်လို့ ရတာ မရှိပါဘူး။ ကာဘရိုက်တာတွေနဲ့ မော်ဒယ်ဟောင်း တွေမှာတော့ Aftermarket ကာဘရိုက်တာ တစ်ခုကို ပြောင်းလဲခြင်းက စွမ်းရည်ပိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုကို ပေးနိုင်ပါတယ်။ ကာဘရိုက်တာကို Intake Manifold ထက် တစ်လက်မလောက် မြှင့်တင်ပေးမယ့် Phenolic Riser တစ်ခုကိုလည်း လိုချင်ကောင်းလိုချင်ပါလိမ့်မယ်။ အဲဒီလို မြှင့်တင်လိုက်ခြင်းအားဖြင့် လောင်စာနဲ့ လေအား စီးဆင်းမှုအရှိန်ကို ပိုထုတ်ပေးနိုင်သလို ကာဘရိုက်တာအား အင်ဂျင်အပူရှိန်နဲ့ အနည်းငယ်ဝေးသွားစေတဲ့အတွက် လောင်စာထဲကို ပိုအေးတဲ့ လေကို ရောစပ်နိုင်စေမယ်။

၅. ကွန်ပျူတာစနစ်တွေကို Reprogram ပြန်ချိန်ညှိပါ – ကွန်ပျူတာထိန်းချုပ်စနစ် ပါဝင်တဲ့ အင်ဂျင်နဲ့ ယာဉ်တွေမှာ ပြန်လည် Reprogram ပြုလုပ်ခြင်းက Timing ကိုတိုးတက်စေပြီး လောင်စာပေးပို့စီးဆင်းမှုကို ပိုမို ထိရောက်မှု ရှိစေပါတယ်။ ဒါပေမယ့် ပြုလုပ်မယ်ဆိုရင်တော့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့ ဂရုစိုက်ရမှာပါ။

ကိုယ့်ရဲ့ ကားကို အဆင့်မြှင့်တင်ချင်တာပဲ ဖြစ်ဖြစ်၊ ကားကျန်းမာရေးအတွက် စစ်ဆေးချင်တာပဲ ဖြစ်ဖြစ် ကျွမ်းကျင်သူတွေ ရှိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကားအမျိုးအစား မျိုးစုံကို ကျွမ်းကျင်စွာ ပြုပြင်မွမ်းမံပေးနိုင်တဲ့ Optima Werkz Yangon ကိုဆက်သွယ်လိုရင်တော့ ဖုန်းနံပါတ် +95 9782626 888, +95 9782626 999 ကိုဆက်သွယ်နိုင်ပါတယ်။

© Copyright 2019 Optima Werkz Yangon