2018 ခုနှစ် ကယ်လီဖိုးနီးယားလမ်းမတွေပေါ်က အလန်းစားကားတွေ

2018 ခုနှစ် ကယ်လီဖိုးနီးယားလမ်းမတွေပေါ်က အလန်းစားကားတွေ

စူပါကားအထူးပြု ပါပါရာဇီတွေဟာ ဇိမ်ခံကားစုဆောင်းသူတွေနဲ့ ဝါသနာရှင်တွေအတွက်တော့ ရှားရှားပါးပါး နားနဲ့မျက်စိ အဖြစ် တာဝန်ယူပေးတဲ့ သူတွေပါ။ Top Gear ရဲ့ထိပ်တန်း ပါပါရာဇီတစ်ယောက်ဖြစ်တဲ့ အဲလက်စ်ပန်ဖိုး ဟာ အမေရိကန်၊ ကယ်လီဖိုးနီးယားမှ စုဆောင်းသူတွေရဲ့ စူပါကားတွေကို ၂၀၁၈ ခုနှစ်မှာလည်း တစ်ခါပြန်လည် ရိုက်ကူးစုစည်းပြီး ဖော်ပြလိုက်ပြန်ပါပြီ။ သိတဲ့အတိုင်း စူပါကားတွေရဲ့ စီးဆင်းမှုဟာ ပိုမြန်ဆန်လာပြီး မနှစ်က နောက်ဆုံးပေါ်မော်ဒယ်ဟာ ဒီနှစ်ကုန်မှာ ရိုးသွားလောက်ပြီ ဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ် စူပါကား သုံးစွဲသူတွေရဲ့ ရွေးချယ်မှုတွေကို ဝင်ရောက်ကြည့်ရှုပြီး ဘယ်မော်ဒယ်ကို စိတ်ကြိုက်တွေ့လဲ ဆိုတာ ပြောပြခဲ့ပါဦး။

၁. 

Merc CLK GTR ပြိုင်ကားတွေကို FIA GT ချန်ပီယံရှစ်ပြိုင်ပွဲမှာ Porsche 911 GT1 နဲ့ McLaren F1 GTR တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ တည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် ထုတ်လုပ်သူတွေက ဒီပြိုင်ကားတွေရဲ့ အိမ်သုံးမော်ဒယ်ကိုလည်း ကန့်သတ်အရေအတွက်နဲ့ ၂၅ စင်း ထုတ်လုပ်ရောင်းချပေးခဲ့တယ်။ ဒါဟာ လက်ရှိထုတ်လုပ်ရောင်းချပြီးတဲ့ အစင်း ၂၀ ထဲက တစ်စီးပါ။

၂. 

Ferrari F50 ကားဟာ နှစ် ၂၀ နီးပါး မေ့လျော့ခံထားရတဲ့ လျှို့ဝှက်ရတနာ တစ်ခုပါ။ အခုချိန်မှာ ထုတ်လုပ်မှု ရပ်တန့်လိုက်ပြီ ဖြစ်ပေမယ့် F1 အင်ဂျင်နဲ့ ဒီကားဟာ ကားဝါသနာအိုးတွေအတွက် မက်မောစရာ ဖြစ်နေဦးမှာပါ။

၃. 

နာမည်ကျော်အဆိုတော် Kanye West ရဲ့ Mercy ကိုနားထောင်ဖူးတယ် မဟုတ်လား။ ဒါဟာ Kanye သီချင်းပေါက်ဖွားလာခဲ့တဲ့ Lamborghini Murci ကားပါပဲ။ ကားရဲ့နံပါတ်ပြားကို တစ်ချက်ကြည့်။ “Yondu 1” ဆိုတော့ ကားပိုင်ရှင်ဟာ ရုပ်ရှင် Geek တစ်ယောက် ဖြစ်ဖို့များတယ်။

၎. 

Lamborghini Murciélago လိုင်းရဲ့ နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ပါ။ ကားဝါသနာအိုးတွေ ငယ်ငယ်က ဒီကားရဲ့ ဓါတ်ပုံကိုတောင် သိမ်းထားမိလောက်တယ်။ နာမည်အပြည့်အစုံကတော့ Lamborghini Murcielago SV LP670-4 ဖြစ်ပါတယ်။

၅. 

အမှတ်တမဲ့တွေ့ရတဲ့ Bugatti Chiron တစ်စီး။

၆. 

ဒါကတော့ မြစိမ်းရောင် Chiron ပါ။

၇. 

Bugatti Chiron အစီးရေ ၅၀၀ ထုတ်လုပ်ပြီးချိန်မှာ Bugatti Divos ကတော့ အစီးလေးဆယ်သာ ထုတ်လုပ်မယ်လို့ ထုတ်ဖော်ကြေငြာလာခဲ့တယ်။ ဒါပေမယ့် ဒီကားကို ဘယ်မှာမှ ဝယ်လို့မရတော့ဘူး။ ယူရိုငါးသန်းတန်တဲ့ Divos ဟိုက်ပါကားသစ်ကို ဝယ်ယူဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့တဲ့ သူတွေထဲမှာ Chiron တစ်စီး ရှိပြီးသား လူတွေ ဘယ်နှယောက်တောင် ပါနေမလဲ မသိနိုင်ပါဘူး။

၈. 

မြင်းကောင်ရေ ၇၅၃ အားရှိတဲ့ Audi PB18 e-tron ဟိုက်ပါကားပါ။

၉. 

အမေရိကန် စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ Michael Fux ရဲ့ အထူးတောင်းဆိုချက်အရ “Fux Green” ကာလာဖြင့် ထုတ်လုပ်ပေးခဲ့တဲ့ McLaren Senna တစ်စင်းကို တည်ဆောက်ဖို့အတွက် နာရီပေါင်း တစ်ထောင် ကြာပါတယ်။ အတွင်းပိုင်းကို အဖြူရောင်လည်သာနဲ့ ကွပ်ထားပေမယ့် အတွင်းကာဘွန်ဘော်ဒီအားလုံးကလည်း အစိမ်းရောင်တောက်တောက်ပါ။

၁၀. 

ဒီဘက်ခေတ်မှာ Pagani ရဲ့ Limited-Edition တွေ အများကြီး ထွက်လာပြီမို့ Pagani Huayra ရဲ့ အလှကို မေ့နေလောက်ပါပြီ။

၁၁. 

အမေရိကန်နိုင်ငံကို Ferrari ကုမ္ပဏီခြေချခဲ့တာ နှစ် ၆၀ ပြည့်အမှတ်တရ ထုတ်ခဲ့တဲ့ Ferrari F60 America ဟာ F12 ရဲ့ Open-top ဗားရှင်းဖြစ်ပြီး ဒီကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအပြင်းဆုံး အသံတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။

၁၂. 

Huayra Roadster မှာ အသုံးပြုထားတဲ့ Mercedes-AMG ရဲ့ ‘M158’ V12 ဟာ Pagani အတွက် အထူး တည်ဆောက်ပေးထားတာ ဖြစ်တယ်။ Turbo တစ်စုံနဲ့ ဒီကားဟာ အခြေခံမြင်းကောင်ရေ ၇၆၀ အား ရှိပြီး Pagani ရဲ့ ကာဘွန်-တိုက်တေနီယမ်စပ် ကိုယ်ထည်ပါဝင်တယ်။

၁၃. 

အထွေအထူး မိတ်ဆက်စရာမလိုတဲ့ Porsche 918 ရဲ့ လမ်းပေါ်က အလန်းစားပုံရိပ်ပါ။

၁၄. 

Koenigsegg ပရိသတ်တွေအတွက်လည်း မကျန်ခဲ့ရအောင်ပါ။

၁၅. 

Legendary တစ်ခုဖြစ်သွားပြီ ဖြစ်တဲ့ Pagani Zonda တစ်စင်း။

Ref – Top Gear

© Copyright 2019 Optima Werkz Yangon