သင့္အိပ္ေဇာက ေျပာျပတဲ့ သင့္ကားအေၾကာင္း

သင့္အိပ္ေဇာက ေျပာျပတဲ့ သင့္ကားအေၾကာင္း

ဒီလုိျမင္ကြင္းမ်ဳိးကို ျမင္ဖူးပါလိမ့္မယ္။ သင့္ေရွ႕က ကားရဲ႕အိပ္ေဇာပုိက္ကေန အျဖဴေရာင္အေငြ႕ေတြ ထြက္ေနျပီး ေဘးကကားေတြမွာေတာ့ အဲဒီလို မျဖစ္ေနတာမ်ဳိး၊ တစ္ခါတရံ အရွိန္ျမွင့္လိုက္တဲ့အခါ ေရအနည္းငယ္ အတန္းလိုက္ျဖစ္ေအာင္ က်လာတာမ်ဳိးေတြကိုေပါ့။ တစ္ခါတေလမွာေတာ့ အျပာေရာင္မီးခုိးေငြ႕ေတြ ထြက္လာျပီး အနံ႔အသက္ဆုိးေတြပါ ရလာတာမ်ဳိး ရွိပါလိ္မ့္မယ္။

အခ်က္အလက္ေတြအရေတာ့ သင့္ကားက ထုတ္လႊတ္တဲ့ အရာေတြဟာ သင့္ကို ေျပာျပေနႏုိင္တာ ရွိပါတယ္။ တစ္ခါတရံမွာ စိတ္ဝင္စားစရာ သိပၸံနည္းက် ျဖစ္ပြားမႈသာ ျဖစ္ေပမယ့္ တစ္ခါတရံမွာေတာ့ သင့္ကားက သတိေပးေနတာပါ။ ဘာေတြလဲ ဆုိတာ ေအာက္မွာ ဆက္ၾကည့္ျပီး စစ္ေဆးလုိက္ရေအာင္ ..

ေရက်ျခင္း

သင့္အင္ဂ်င္ထဲမွာ ေလာင္စာဆီေတြကို အဆမတန္ပူျပင္းတဲ့ အေနအထားနဲ႔ ေလာင္ကၽြမ္းေစေပမယ့္ ေရခုိးေရေငြ႕ထြက္ျခင္းက ေလာင္စာ ေလာင္ကၽြမ္းမႈျဖစ္စဥ္မွာ ေတြ႕ရေလ့ရွိတဲ့ အံ့ဖြယ္တစ္ခုပါ။ ပုံမွန္အားျဖင့္ အိပ္ေဇာစနစ္ဟာ ေလာင္စာခန္း ေလာက္နီးနီး ပူျပီး ေရဆူမွတ္ထက္ ပိုပူျပင္းေလ့ရွိတယ္။

ပုံမွန္ အင္ဂ်င္လည္ပတ္မႈမွာ ေရက ေရပူေငြ႕အျဖစ္ အသြင္ေျပာင္းျပီး အိပ္ေဇာပုိက္ကေန မ်က္စိနဲ႔ မျမင္ႏုိင္တဲ့ အပူေငြ႕အျဖစ္ ထြက္ေပါက္ရွာတတ္တယ္။ အသစ္စက္စက္အင္ဂ်င္နဲ႔ အေအးေပးစနစ္ပါတဲ့ အိပ္ေဇာ စနစ္တုိ႔နဲပဆုိရင္ ေရေငြ႕နဲ႔ ဓါတ္ေငြ႕ေတြဟာ ေလာင္စာခန္း (Combustion Chamber) ကေန ထြက္လာတာနဲ႔ အေအးခံမိျပီး ေရစက္ေလးေတြအျဖစ္ သိပ္သည္းသြားတယ္။ Catalytic Converter ရဲ႕ အလုပ္က အဆိပ္အေတာက္ ျဖစ္ႏုိ္ငတဲ့ ဓါတ္ေငြ႕ေတြကို အႏၱရာယ္ကင္းေအာင္ ျပဳလုပ္ေပးဖို႔ ျဖစ္ျပီး သူ႕ရဲ႕လုပ္ငန္းစဥ္ကေန ေရေငြ႕အနည္းငယ္ ထြက္လာတတ္တယ္။ ထြက္လာတဲ့ေရေငြ႕ေတြ ေငြ႕ရည္ဖြဲ႕တာကိုလည္း အိပ္ေဇာပိုက္မွ ေရစက္အေနနဲ႔ ထြက္လာတာကို ျမင္ရႏုိင္ျပန္တယ္။ ျဖစ္ႏုိင္တာကေတာ့ အိပ္ေဇာပိုက္ကေန ေရစီးက်ေနရင္ အဆုိပါယာဥ္ရဲ႕ အင္ဂ်င္ဟာ လုံေလာက္တဲ့ အပူခ်ိန္ကို မေရာက္ေသးဘူးလို႔ ဆုိလိုတာ ျဖစ္ႏုိင္ပါတယ္။

အဲဒီလို ေရစက္ေတြက်တာ၊ တစ္ခါတရံ ေရအနည္းငယ္စီးက်တာဟာ ေအးေနတဲ့ အင္ဂ်င္စက္ေတြမွာ ပုံမွန္ပဲ ဆုိတာကို သိထားဖို႔ လုိအပ္ပါတယ္။ ဒါေပမယ့္ အနည္းငယ္ပုိမ်ားတဲ့ ပမာဏတစ္ခုကို ပုံမွန္က်ေနရင္ေတာ့ ျပႆနာရွိေၾကာင္း အခ်က္ျပေနတာ ျဖစ္ႏုိင္တယ္။ ေရေတြ သိသိသာသာစီးေနတာ ဒါမွမဟုတ္ အျဖဴေရာင္ မီးခုိးနဲ႔ ေရတစ္ခ်ဳိ႕ထြက္ေနတာက Head Gasket မွာ Leak ျဖစ္ေနျပီး ေလာင္စာခန္းကို အေအးဓါတ္ဝင္ေနေၾကာင္း ျပသေနတာ ျဖစ္ႏုိင္ပါတယ္။ UV Leak Detector အသုံးျပဳစမ္းသပ္လိုက္ရင္ ျပႆနာကို အတည္ျပဳေပးႏုိင္မယ္ ဒါမွမဟုတ္ ျပႆနာမရွိေၾကာင္း ျပေပးႏုိင္မွာ ျဖစ္ပါတယ္။

Head Gasket မေကာင္းတဲ့ အင္ဂ်င္ဟာ Crankcase ထဲကိုပါ အေအးဓါတ္ စိမ့္ဝင္ေစႏုိင္တဲ့အတြက္ မစ္ရွိတ္ေရာင္ သုိ႔မဟုတ္ အစိမ္းေရာင္သမ္းေနတဲ့ စက္ဆီကုိ ျမင္ရတာဟာ အလားတူ ျပႆနာရွိေနျပီ ဆုိတာ ျပေပးတာပါပဲ။ ဒီလိုပုံနဲ႔ ထိေတြ႕ခံရတဲ့ စက္ဆီေတြက ဘဲယ္ရင္နဲ႔ အျခားအစိတ္အပုိင္းေတြကို ေခ်ာေမြ႕ေအာင္ ေကာင္းေကာင္း လုပ္မေပးႏိုင္ေတာ့တဲ့အတြက္ Head Gasket ကေန အေအးစိမ့္ဝင္တဲ့ ျပႆနာေၾကာင့္ အင္ဂ်င္ကို ထိခုိက္လာႏုိင္ပါတယ္။

ေရေႏြးေငြ႕

အေျခအေနအားလုံးေကာင္းတဲ့ မုိင္လည္းနည္းေသးတဲ့ အသစ္စက္စက္ ကားတစ္စီးမွာေတာင္ အျဖဴေရာင္ ေရေႏြးေငြ႕ေတြ ထြက္လာတတ္တယ္ဆုိတာ ရွိတတ္တယ္။ အေပၚမွာ ေျပာခဲ့သလို ေရေႏြးေငြ႕ဟာ ေလာင္စာဆီ ေလာင္ကၽြမ္းျခင္း ျဖစ္စဥ္ရဲ႕ ပုံမွန္အစိတ္အပုိင္းတစ္ခုပါပဲ။

တကယ္လို႔ သင့္အင္ဂ်င္ဟာ အရွိန္ရေနႏွင့္ျပီး အျပင္ရာသီဥတုကလည္း ေနသာေနတယ္ ဆုိရင္ေတာ့ သင့္အင္ဂ်င္ကေန ထုတ္လုပ္တဲ့ ျမင္သာတဲ့ ေရေငြ႕ေတြဟာ စိတ္ပူစရာအေၾကာင္းတစ္ခု ျဖစ္လာႏုိင္ပါတယ္။ ဒါဟာ Head Gasket ျပႆနာ သို႔မဟုတ္ စလင္ဒါေခါင္းအက္ရာ သုိ႔မဟုတ္ Intake Manifold ျပႆနာ တစ္ခုခု ျဖစ္ႏုိင္ေခ်ရွိပါတယ္။ ျဖစ္ႏုိင္တာက Radiator နဲ႔ အေအးေပးစနစ္ ထဲက အေအးဓါတ္ဟာ ေလာင္စာခန္းထဲသို႔ စိမ့္ဝင္ေနတာပါ။

အေအးဓါတ္အနည္းငယ္ဆုိရင္ ေလာင္ကၽြမ္းျပီး ျမင္သာတဲ့ အျဖဴေရာင္အေငြ႕အျဖစ္ ထြက္လာႏုိင္တယ္။ ဒါေပမယ့္ မ်ားျပားတဲ့ အေအးဓါတ္၊ ေရဓါတ္ကေတာ့ မေလာင္ကၽြမ္းႏုိင္ပဲ အင္ဂ်င္ကို ထိခုိက္တာ၊ Piston ေတြကို ဖ်က္ဆီးတာ စတာေတြ ျဖစ္လာႏုိင္ပါတယ္။ အဆုိပါ အေျခအေနကို Hydrolock ျဖစ္တယ္လို႔ ေခၚျပီး အင္ဂ်င္ကို ပ်က္စီးေစႏုိင္တယ္။ ထြက္လာတဲ့ မီးခုိးေငြ႕ေတြက ေနာက္မွန္ကို မျမင္ရေလာက္ေအာင္ ထူထပ္လာရင္ေတာ့ စိမ့္ဝင္မႈဟာ ၾကီးမားျပီး မျပင္ရေသးခင္ မေမာင္းႏွင္သင့္ေတာ့ပါဘူး။ အျမန္ဆုံးျပင္ဆင္ရပါမယ္။

အျပာေရာင္မီးခုိးေငြ႕ထြက္ျခင္း

ဒီျပႆနာကေတာ့ ေလာင္ကၽြမ္းအဆင့္ကို ဝင္ေရာက္တဲ့ ဆီေၾကာင့္ ျဖစ္ရျပီး စက္ဆီေတြက မေကာင္းေတာ့တဲ့ Piston Ring ေတြ၊ ဒါမွမဟုတ္ စလင္ဒါနံရံေတြ၊ Valve ေတြကေန ဝင္ေရာက္တာ ျဖစ္တဲ့အတြက္ ျပင္ရခက္ျပီး အစားထုိးျခင္းကလည္း မတတ္ကၽြမ္းသူေတြ လုပ္ႏုိင္တာ မဟုတ္ပါဘူး။ ယေန႔ အင္ဂ်င္ေတြမွာ အသုံးျပဳတဲ့ တည္ေဆာက္ပုံအရ အစိတ္အပုိင္းအမ်ားစုဟာ မိုင္တစ္သိန္းခြဲ မေက်ာ္မျခင္း ဒီလုိ ပ်က္စီးဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္ ျဖစ္တဲ့အခါလည္း ျဖစ္တတ္ပါတယ္။ အျပာေရာင္မီးခုိးေငြ႕ဟာ တစ္ခါတရံမွာ ကြန္ပရက္ရွင္ ပ်က္တဲ့ အင္ဂ်င္စြမ္းေဆာင္ရည္ ေလ်ာ့က်မႈနဲ႔ ယွဥ္တြဲေနတတ္တယ္။ ဒါ့ေၾကာင့္ ျဖစ္ႏုိင္သမွ် ျမန္ျမန္စစ္ေဆးၾကည့္သင့္ပါတယ္။

ကိုယ့္ရဲ႕ အိပ္ေဇာကို အဆင့္ျမွင့္တင္ခ်င္တာပဲ ျဖစ္ျဖစ္၊ ကားက်န္းမာေရးအတြက္ စစ္ေဆးခ်င္တာပဲ ျဖစ္ျဖစ္ ကၽြမ္းက်င္သူေတြ ရွိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖုိ႔ ဖိတ္ေခၚလိုက္ပါတယ္။ ကားအမ်ဳိးအစား မ်ဳိးစုံကို ကၽြမ္းက်င္စြာ ျပဳျပင္မြမ္းမံေပးႏုိင္တဲ့ Optima Werkz Yangon ကိုဆက္သြယ္လိုရင္ေတာ့ ဖုန္းနံပါတ္ +95 9782626 888, +95 9782626 999 ကုိဆက္သြယ္ႏုိင္ပါတယ္။

Ref – https://shop.advanceautoparts.com/r/advice/cars-101/what-your-car-exhaust-system-is-telling-you

Unicode

ဒီလိုမြင်ကွင်းမျိုးကို မြင်ဖူးပါလိမ့်မယ်။ သင့်ရှေ့က ကားရဲ့အိပ်ဇောပိုက်ကနေ အဖြူရောင်အငွေ့တွေ ထွက်နေပြီး ဘေးကကားတွေမှာတော့ အဲဒီလို မဖြစ်နေတာမျိုး၊ တစ်ခါတရံ အရှိန်မြှင့်လိုက်တဲ့အခါ ရေအနည်းငယ် အတန်းလိုက်ဖြစ်အောင် ကျလာတာမျိုးတွေကိုပေါ့။ တစ်ခါတလေမှာတော့ အပြာရောင်မီးခိုးငွေ့တွေ ထွက်လာပြီး အနံ့အသက်ဆိုးတွေပါ ရလာတာမျိုး ရှိပါလိမ့်မယ်။

အချက်အလက်တွေအရတော့ သင့်ကားက ထုတ်လွှတ်တဲ့ အရာတွေဟာ သင့်ကို ပြောပြနေနိုင်တာ ရှိပါတယ်။ တစ်ခါတရံမှာ စိတ်ဝင်စားစရာ သိပ္ပံနည်းကျ ဖြစ်ပွားမှုသာ ဖြစ်ပေမယ့် တစ်ခါတရံမှာတော့ သင့်ကားက သတိပေးနေတာပါ။ ဘာတွေလဲ ဆိုတာ အောက်မှာ ဆက်ကြည့်ပြီး စစ်ဆေးလိုက်ရအောင် ..

ရေကျခြင်း

သင့်အင်ဂျင်ထဲမှာ လောင်စာဆီတွေကို အဆမတန်ပူပြင်းတဲ့ အနေအထားနဲ့ လောင်ကျွမ်းစေပေမယ့် ရေခိုးရေငွေ့ထွက်ခြင်းက လောင်စာ လောင်ကျွမ်းမှုဖြစ်စဉ်မှာ တွေ့ရလေ့ရှိတဲ့ အံ့ဖွယ်တစ်ခုပါ။ ပုံမှန်အားဖြင့် အိပ်ဇောစနစ်ဟာ လောင်စာခန်း လောက်နီးနီး ပူပြီး ရေဆူမှတ်ထက် ပိုပူပြင်းလေ့ရှိတယ်။

ပုံမှန် အင်ဂျင်လည်ပတ်မှုမှာ ရေက ရေပူငွေ့အဖြစ် အသွင်ပြောင်းပြီး အိပ်ဇောပိုက်ကနေ မျက်စိနဲ့ မမြင်နိုင်တဲ့ အပူငွေ့အဖြစ် ထွက်ပေါက်ရှာတတ်တယ်။ အသစ်စက်စက်အင်ဂျင်နဲ့ အအေးပေးစနစ်ပါတဲ့ အိပ်ဇော စနစ်တို့နဲပဆိုရင် ရေငွေ့နဲ့ ဓါတ်ငွေ့တွေဟာ လောင်စာခန်း (Combustion Chamber) ကနေ ထွက်လာတာနဲ့ အအေးခံမိပြီး ရေစက်လေးတွေအဖြစ် သိပ်သည်းသွားတယ်။ Catalytic Converter ရဲ့ အလုပ်က အဆိပ်အတောက် ဖြစ်နိုငတဲ့ ဓါတ်ငွေ့တွေကို အန္တရာယ်ကင်းအောင် ပြုလုပ်ပေးဖို့ ဖြစ်ပြီး သူ့ရဲ့လုပ်ငန်းစဉ်ကနေ ရေငွေ့အနည်းငယ် ထွက်လာတတ်တယ်။ ထွက်လာတဲ့ရေငွေ့တွေ ငွေ့ရည်ဖွဲ့တာကိုလည်း အိပ်ဇောပိုက်မှ ရေစက်အနေနဲ့ ထွက်လာတာကို မြင်ရနိုင်ပြန်တယ်။ ဖြစ်နိုင်တာကတော့ အိပ်ဇောပိုက်ကနေ ရေစီးကျနေရင် အဆိုပါယာဉ်ရဲ့ အင်ဂျင်ဟာ လုံလောက်တဲ့ အပူချိန်ကို မရောက်သေးဘူးလို့ ဆိုလိုတာ ဖြစ်နိုင်ပါတယ်။

အဲဒီလို ရေစက်တွေကျတာ၊ တစ်ခါတရံ ရေအနည်းငယ်စီးကျတာဟာ အေးနေတဲ့ အင်ဂျင်စက်တွေမှာ ပုံမှန်ပဲ ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အနည်းငယ်ပိုများတဲ့ ပမာဏတစ်ခုကို ပုံမှန်ကျနေရင်တော့ ပြဿနာရှိကြောင်း အချက်ပြနေတာ ဖြစ်နိုင်တယ်။ ရေတွေ သိသိသာသာစီးနေတာ ဒါမှမဟုတ် အဖြူရောင် မီးခိုးနဲ့ ရေတစ်ချို့ထွက်နေတာက Head Gasket မှာ Leak ဖြစ်နေပြီး လောင်စာခန်းကို အအေးဓါတ်ဝင်နေကြောင်း ပြသနေတာ ဖြစ်နိုင်ပါတယ်။ UV Leak Detector အသုံးပြုစမ်းသပ်လိုက်ရင် ပြဿနာကို အတည်ပြုပေးနိုင်မယ် ဒါမှမဟုတ် ပြဿနာမရှိကြောင်း ပြပေးနိုင်မှာ ဖြစ်ပါတယ်။

Head Gasket မကောင်းတဲ့ အင်ဂျင်ဟာ Crankcase ထဲကိုပါ အအေးဓါတ် စိမ့်ဝင်စေနိုင်တဲ့အတွက် မစ်ရှိတ်ရောင် သို့မဟုတ် အစိမ်းရောင်သမ်းနေတဲ့ စက်ဆီကို မြင်ရတာဟာ အလားတူ ပြဿနာရှိနေပြီ ဆိုတာ ပြပေးတာပါပဲ။ ဒီလိုပုံနဲ့ ထိတွေ့ခံရတဲ့ စက်ဆီတွေက ဘဲယ်ရင်နဲ့ အခြားအစိတ်အပိုင်းတွေကို ချောမွေ့အောင် ကောင်းကောင်း လုပ်မပေးနိုင်တော့တဲ့အတွက် Head Gasket ကနေ အအေးစိမ့်ဝင်တဲ့ ပြဿနာကြောင့် အင်ဂျင်ကို ထိခိုက်လာနိုင်ပါတယ်။

ရေနွေးငွေ့

အခြေအနေအားလုံးကောင်းတဲ့ မိုင်လည်းနည်းသေးတဲ့ အသစ်စက်စက် ကားတစ်စီးမှာတောင် အဖြူရောင် ရေနွေးငွေ့တွေ ထွက်လာတတ်တယ်ဆိုတာ ရှိတတ်တယ်။ အပေါ်မှာ ပြောခဲ့သလို ရေနွေးငွေ့ဟာ လောင်စာဆီ လောင်ကျွမ်းခြင်း ဖြစ်စဉ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုပါပဲ။

တကယ်လို့ သင့်အင်ဂျင်ဟာ အရှိန်ရနေနှင့်ပြီး အပြင်ရာသီဥတုကလည်း နေသာနေတယ် ဆိုရင်တော့ သင့်အင်ဂျင်ကနေ ထုတ်လုပ်တဲ့ မြင်သာတဲ့ ရေငွေ့တွေဟာ စိတ်ပူစရာအကြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါဟာ Head Gasket ပြဿနာ သို့မဟုတ် စလင်ဒါခေါင်းအက်ရာ သို့မဟုတ် Intake Manifold ပြဿနာ တစ်ခုခု ဖြစ်နိုင်ချေရှိပါတယ်။ ဖြစ်နိုင်တာက Radiator နဲ့ အအေးပေးစနစ် ထဲက အအေးဓါတ်ဟာ လောင်စာခန်းထဲသို့ စိမ့်ဝင်နေတာပါ။

အအေးဓါတ်အနည်းငယ်ဆိုရင် လောင်ကျွမ်းပြီး မြင်သာတဲ့ အဖြူရောင်အငွေ့အဖြစ် ထွက်လာနိုင်တယ်။ ဒါပေမယ့် များပြားတဲ့ အအေးဓါတ်၊ ရေဓါတ်ကတော့ မလောင်ကျွမ်းနိုင်ပဲ အင်ဂျင်ကို ထိခိုက်တာ၊ Piston တွေကို ဖျက်ဆီးတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုပါ အခြေအနေကို Hydrolock ဖြစ်တယ်လို့ ခေါ်ပြီး အင်ဂျင်ကို ပျက်စီးစေနိုင်တယ်။ ထွက်လာတဲ့ မီးခိုးငွေ့တွေက နောက်မှန်ကို မမြင်ရလောက်အောင် ထူထပ်လာရင်တော့ စိမ့်ဝင်မှုဟာ ကြီးမားပြီး မပြင်ရသေးခင် မမောင်းနှင်သင့်တော့ပါဘူး။ အမြန်ဆုံးပြင်ဆင်ရပါမယ်။

အပြာရောင်မီးခိုးငွေ့ထွက်ခြင်း

ဒီပြဿနာကတော့ လောင်ကျွမ်းအဆင့်ကို ဝင်ရောက်တဲ့ ဆီကြောင့် ဖြစ်ရပြီး စက်ဆီတွေက မကောင်းတော့တဲ့ Piston Ring တွေ၊ ဒါမှမဟုတ် စလင်ဒါနံရံတွေ၊ Valve တွေကနေ ဝင်ရောက်တာ ဖြစ်တဲ့အတွက် ပြင်ရခက်ပြီး အစားထိုးခြင်းကလည်း မတတ်ကျွမ်းသူတွေ လုပ်နိုင်တာ မဟုတ်ပါဘူး။ ယနေ့ အင်ဂျင်တွေမှာ အသုံးပြုတဲ့ တည်ဆောက်ပုံအရ အစိတ်အပိုင်းအများစုဟာ မိုင်တစ်သိန်းခွဲ မကျော်မခြင်း ဒီလို ပျက်စီးဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဖြစ်တဲ့အခါလည်း ဖြစ်တတ်ပါတယ်။ အပြာရောင်မီးခိုးငွေ့ဟာ တစ်ခါတရံမှာ ကွန်ပရက်ရှင် ပျက်တဲ့ အင်ဂျင်စွမ်းဆောင်ရည် လျော့ကျမှုနဲ့ ယှဉ်တွဲနေတတ်တယ်။ ဒါ့ကြောင့် ဖြစ်နိုင်သမျှ မြန်မြန်စစ်ဆေးကြည့်သင့်ပါတယ်။

ကိုယ့်ရဲ့ အိပ်ဇောကို အဆင့်မြှင့်တင်ချင်တာပဲ ဖြစ်ဖြစ်၊ ကားကျန်းမာရေးအတွက် စစ်ဆေးချင်တာပဲ ဖြစ်ဖြစ် ကျွမ်းကျင်သူတွေ ရှိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကားအမျိုးအစား မျိုးစုံကို ကျွမ်းကျင်စွာ ပြုပြင်မွမ်းမံပေးနိုင်တဲ့ Optima Werkz Yangon ကိုဆက်သွယ်လိုရင်တော့ ဖုန်းနံပါတ် +95 9782626 888, +95 9782626 999 ကိုဆက်သွယ်နိုင်ပါတယ်။

© Copyright 2019 Optima Werkz Yangon