သင့်ကားဘတ္ထရီကို မလဲမိခင် စစ်ဆေးသင့်တဲ့ အချက်များ

သင့်ကားဘတ္ထရီကို မလဲမိခင် စစ်ဆေးသင့်တဲ့ အချက်များ









Unicode

ကားဘတ္ထရီအသစ်တစ်ခု လဲလှယ်ဖို့ စစ်ဆေးရမယ့် အချက်အလက်တွေက အရမ်းမရှုပ်ထွေးပါဘူး။ မတူညီတဲ့ ကားဘတ္ထရီ အမျိုးအစားတွေ ရှိနေပေမယ့် ကိုယ်တတ်နိုင်တဲ့ ဘတ်ဂျက်ထဲကနေ စွမ်းဆောင်ရည် မြင့်တဲ့ ဘတ္ထရီကို ရှာဖို့အတွက် အကြံပေးနိုင်တာတွေ ရှိပါတယ်။ အရွယ်အစားတွေ မတူပေမယ့်၊ တစ်ချို့သော အမှတ်တံဆိပ်တွေက ကိုယ့်ကားအတွက် မလိုက်ဖက်နိုင်ပေမယ့် CCA, အရံသိုလှောင်အား နဲ့ အနိမ့်ဆုံး အမြင့်ဆုံး စက်နှင်အပူချိန် စတဲ့ အချက်အလက်တွေနဲ့ နည်းပညာအခေါ်အဝေါ်တွေကို သိရင် ကိုယ့်စိတ်ကြိုက် ဘတ္ထရီ တစ်လုံးကို ရနိုင်မှာပါ။

ကားဘတ္ထရီလဲလှယ်ခြင်း – အရေးကြီးအချက်များ

အစားထိုးဖို့ ဘတ္ထရီကို အရင်မရှာခင် လက်ရှိဘတ္ထရီရဲ့ အချက်အလက်တွေကို သိနေဖို့ အရေးကြီးပါတယ်။ ပထမဆုံး အားကုန်နေတဲ့ ဘတ္ထရီတစ်လုံးဟာ လဲလှယ်ဖို့ လိုချင်မှ လိုမှာပါ။ ဘတ္ထရီတစ်ခု အားမထုတ်နိုင်တော့တာက Alternator မကောင်းခြင်း ဒါမှမဟုတ် ဘတ္ထရီငုတ်တိုင်တွေမှာ ချေးတက်နေတာတောင် ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဗို့အားကို တိုင်းကြည့်ပါ၊ ပြီးတဲ့နောက် ပရိုဖက်ရှင်နယ် ကားဘတ္ထရီ အားသွင်းစက် တစ်ခုကို အသုံးပြုပြီး ပြန်နှိုးကြည့်ပါ။ ဘတ္ထရီအဟောင်းကို စွန့်ပစ်ပြီး အသစ်တစ်ခု မလဲခင်မှာ အရေးကြီးတာက ကျွမ်းကျင်သူတစ်ဦးရဲ့ အမြင်ကို မေးကြည့်သင့်ပါတယ်။ အချို့ကိစ္စတွေမှာ ဘတ္ထရီအဟောင်း တွေက သင့်တော်စွာ ပြုပြင်လိုက်ရင် အကောင်းတိုင်းပြန်ဖြစ်သွားတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေတော့ လဲသင့်လို့ လဲလှယ်လိုက်တာက နောက်ဖြစ်လာမယ့် ပြဿနာတွေကို ကာကွယ်မိမှာပါ။

ကားဘတ္ထရီနည်းပညာများ

ဘတ္ထရီအစားထိုးဖို့ အချိန်ကျလာရင် အဓိကမေးခွန်းတစ်ခုက မူလ Classic စတိုင် ခဲ – အက်ဆစ် ဘတ္ထရီ ကိုပဲ အသုံးပြုမလား ဒါမှမဟုတ် ဈေးပိုကြီးပေမယ့် ပိုကောင်းတဲ့ လီသီယံ အသုံးပြုနည်းပညာသစ်ကို ပြောင်းလဲ မလား ဆိုတာပါပဲ။ အားပြန်ဖြည့်တဲ့ အခါမှာ လီသီယံဘတ္ထရီတွေက တစ်ရာ ရာခိုင်နှုန်းနီးပါး စိတ်ချရပေမယ့် ခဲ-အက်ဆစ် ဘတ္ထရီတွေက အားသွင်းတဲ့အခါ 15 Amps လောက် လျော့ကျသွားတတ်တယ်။ အဲ့ဒါကို ဆယ်ကြိမ်နဲ့ မြှောက်လိုက်တဲ့အခါမှာတော့ (သင် ပိုက်ဆံ ပိုအကုန်အကျခံဖို့ စိတ်မရှိရင်) လီသီယံဘတ္ထရီတွေရဲ့ သက်တမ်းက ပိုပြီး သိသာလာမှာပါ။ နစ်ကယ်-ကဒ်မီယံ (NiCd) ဘတ္ထရီတွေကတော့ ပုံမှန်အားဖြင့် အလွယ်တကူ လဲလှယ်လို့ အဆင်ပြေတဲ့ အမျိုးအစား မဟုတ်ပါဘူး။ ပိုဈေးကြီးတဲ့ ပစ္စည်းတွေ ပါဝင်သလို အပူချိန် အပြောင်းအလဲ ရှိနေတုန်း အားသွင်းဖို့လည်း ခက်ခဲတယ်။

အမှတ်တံဆိပ်နှင့် အစားထိုးဘတ္ထရီရွေးချယ်ခြင်း

မလဲမဖြစ် လဲရတော့မယ် ဆိုရင်တော့ မှန်ကန်တဲ့ အမှတ်တံဆိပ်ကို ရွေးချယ်ဖို့ အရေးကြီးတယ်။ မရွေးခင် လက်ရှိ ထုတ်လုပ်သူတွေထဲက နာမည်အကြီးဆုံး Brand တွေကို စဉ်းစားကြည့်ပါ။ ဝယ်ယူသုံးစွဲဖူးသူတွေရဲ့ အမြင်ကိုလည်း လေ့လာပါ။ သူတို့ကြေငြာထားတဲ့ အရည်အသွေးကို တကယ်ရနိုင်သလား ဆိုတာရောပေါ့။ ပြီးတော့ အရေးကြီးတာက ကိုယ်လိုအပ်တဲ့ CCA Rating, Size နဲ့ သက်တမ်းပါဝင်တဲ့ ဘတ္ထရီအတွက် သင့်တော်တဲ့ ဈေးနှုန်းဖြစ်ရဲ့လား ဆိုတာပါပဲ။ ဒီအချက်တွေဟာ သင့်ကားရဲ့ ဘတ္ထရီကို လဲတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အရာတွေပါ။

ကိုယ်တိုင် ဘက္ထရီလဲဖို့အတွက် မအားမလပ်ရင်ပဲ ဖြစ်ဖြစ်၊ ကျွမ်းကျင်သူတွေက သင့်ဘက္ထရီရဲ့ အားနည်းချက်နဲ့ ပြုပြင်ထိန်းသိမ်းသင့်တာတွေ ရှင်းပြတာကို သိလိုရင်ပဲ ဖြစ်ဖြစ် Optima Werkz Yangon ဆီကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကားအမျိုးအစား မျိုးစုံကို ကျွမ်းကျင်စွာ ပြုပြင်မွမ်းမံပေးနိုင်တဲ့ Optima Werkz Yangon ကိုဆက်သွယ်လိုရင်တော့ ဖုန်းနံပါတ် +95 9782626 888, +95 9782626 999 ကိုဆက်သွယ်နိုင်ပါတယ်။

© Copyright 2019 Optima Werkz Yangon