Lamborghini ရဲ႕တစ္ၾကိမ္ပဲထုတ္လုပ္မယ့္ ‘SC18’ Aventador
  • November 20, 2018
  • In News

Lamborghini ရဲ႕တစ္ၾကိမ္ပဲထုတ္လုပ္မယ့္ ‘SC18’ Aventador

အခုသင္ျမင္ေနရတာဟာ Vent ေတြ၊ Splitter ေတြ၊ သန္မာမႈေတြနဲ႔ ပုံမွန္ Lamborghini Aventador တစ္စင္းထက္ ပိုပါတယ္။ ဒါဟာ ကုမၸဏီရဲ႕သမုိင္းမွာ ပထမဆုံးအၾကိမ္ One-off ေမာ္ဒယ္အျဖစ္ တည္ေဆာက္ထားတဲ့ Squadra Corse သုိ႔မဟုတ္ ‘SC18’ စူပါကားသစ္ျဖစ္ျပီး Lamborghini ရဲ႕ျပိဳင္ကားဌာနက ဖန္တီးထားတာပါ။

ဒီလိုဆုိေပမယ့္ ‘SC18’ ဟာလည္း ပုံမွန္ Lamborghini Aventador တစ္စီးလို Vent ေတြ Splitter ေတြနဲ႔ အားေကာင္းေမာင္းသန္ ကားတစ္စီးပါပဲ။ ဒီထက္ပုိတာကေတာ့ တစ္ၾကိမ္တစ္ခါပဲ ထုတ္လုပ္မယ့္ SC18 လုိင္းကို မွာယူသူေတြဟာ လမ္းေပၚမွာ ကိုယ့္စိတ္ၾကိဳက္ေမာင္းႏွင္ႏုိင္ဖို႔အတြက္ ကိုယ္ပိုင္ Personalised လုပ္ေပးမယ့္ အခြင့္အေရးပါ။

ေနာက္ဘက္ကိုသြားၾကည့္လုိက္ရင္ေတာ့ ကာဘြန္ဖိုင္ဘာ Wing အၾကီးၾကီးနဲ႔ Mechanical Adjustment သုံးခုကို ေတြ႕ရမွာျဖစ္ျပီး ကုမၸဏီကေတာ့ ဒီလိုေျပာင္းလဲထားမႈေၾကာင့္ ဘယ္လိုအခ်ဳိးအေကြ႕မ်ဳိးအတြက္မဆုိ အေကာင္းဆုံး Downforce ကုိထုတ္လုပ္ေပးႏုိင္တယ္လို႔ ဆုိထားတယ္။ ကိုယ္ထည္ကို ကာဘြန္ဖိုင္ဘာနဲ႔ပဲ ျပဳလုပ္ထားျပီး ေျမျပင္နဲ႔ ၁၀၉ မီလီမီတာသာ ကြာျခားမွာပါ။

ဒီကားကို အမ်ားသုံးလမ္းေပၚမွာ ေမာင္းႏွင္ဖုိ႔ ခြင့္ျပဳခ်က္ရထားတာေတာင္ ေျမျပင္မွ အျမင့္ပမာဏေၾကာင့္ သူနဲ႔လုိက္ဖက္တဲ့ လမ္းကိုေတာ့ ရွာေဖြေမာင္းႏွင္ဖို႔ လုိပါလိမ့္မယ္။ Air Intakes ၁၂ ခုဟာ ေနာက္ဘက္ Deck ထဲကို တြန္းပုိ႔ထားတာေၾကာင့္ V12 အင္ဂ်င္ၾကီးရဲ႕ Cooling စနစ္ကို ပိုေကာင္းမြန္ေစတယ္။


Specs အမ်ားစုက Aventador SVJ နဲ႔တူညီျပီး အေျခခံျမင္းေကာင္ေရ ၇၆၀ အားနဲ႔ 531 lb-ft Torque ရွိပါတယ္။ စြမ္းေဆာင္ရည္ပုိင္းကို အတိအက် မသိေသးေပမယ့္ ကားရဲ႕အေလးခ်ိန္ကို ေလွ်ာ့ခ်ႏုိင္ဖို႔ ပါဝါကို ခ်ိန္ညွိထားေၾကာင္း Lamborghini ကဆုိပါတယ္။

ဘာပဲျဖစ္ျဖစ္ ပုံမွန္ Aventador SVJ တစ္စီးဟာ တစ္နာရီ ၆၂ မုိင္ႏႈန္းကို ၂.၈ စကၠန္႔အတြင္း၊ ၁၂၄ မုိင္ႏႈန္းကို ၈.၆ စကၠန္႔အတြင္းေရာက္ရွိႏုိင္ျပီး Top Speed က တစ္နာရီ ၂၁၇ မုိင္ႏႈန္းရွိပါတယ္။ ‘SC18’ ေမာ္ဒယ္ သစ္မွာ တမူထူးျခားတဲ့ အသံကိုထုတ္ေပးမယ့္ အိပ္ေဇာစနစ္သစ္ကို အသုံးျပဳထားတယ္ လို႔လည္း ဆုိတယ္။

ေလာေလာဆယ္မွာ ကားရဲ႕ပုံရိပ္ကို ျမင္ေတြ႕ရေပမယ့္ စြမ္းေဆာင္ရည္ အတိအက်၊ ထြက္ရွိမယ့္ရက္နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ မသိရေသးဘဲ Lamborghini ကအသင့္ျဖစ္တဲ့အခ်ိန္မွ ေၾကျငာလာတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Top Gear

Unicode

အခုသင်မြင်နေရတာဟာ Vent တွေ၊ Splitter တွေ၊ သန်မာမှုတွေနဲ့ ပုံမှန် Lamborghini Aventador တစ်စင်းထက် ပိုပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် One-off မော်ဒယ်အဖြစ် တည်ဆောက်ထားတဲ့ Squadra Corse သို့မဟုတ် ‘SC18’ စူပါကားသစ်ဖြစ်ပြီး Lamborghini ရဲ့ပြိုင်ကားဌာနက ဖန်တီးထားတာပါ။

ဒီလိုဆိုပေမယ့် ‘SC18’ ဟာလည်း ပုံမှန် Lamborghini Aventador တစ်စီးလို Vent တွေ Splitter တွေနဲ့ အားကောင်းမောင်းသန် ကားတစ်စီးပါပဲ။ ဒီထက်ပိုတာကတော့ တစ်ကြိမ်တစ်ခါပဲ ထုတ်လုပ်မယ့် SC18 လိုင်းကို မှာယူသူတွေဟာ လမ်းပေါ်မှာ ကိုယ့်စိတ်ကြိုက်မောင်းနှင်နိုင်ဖို့အတွက် ကိုယ်ပိုင် Personalised လုပ်ပေးမယ့် အခွင့်အရေးပါ။

နောက်ဘက်ကိုသွားကြည့်လိုက်ရင်တော့ ကာဘွန်ဖိုင်ဘာ Wing အကြီးကြီးနဲ့ Mechanical Adjustment သုံးခုကို တွေ့ရမှာဖြစ်ပြီး ကုမ္ပဏီကတော့ ဒီလိုပြောင်းလဲထားမှုကြောင့် ဘယ်လိုအချိုးအကွေ့မျိုးအတွက်မဆို အကောင်းဆုံး Downforce ကိုထုတ်လုပ်ပေးနိုင်တယ်လို့ ဆိုထားတယ်။ ကိုယ်ထည်ကို ကာဘွန်ဖိုင်ဘာနဲ့ပဲ ပြုလုပ်ထားပြီး မြေပြင်နဲ့ ၁၀၉ မီလီမီတာသာ ကွာခြားမှာပါ။

ဒီကားကို အများသုံးလမ်းပေါ်မှာ မောင်းနှင်ဖို့ ခွင့်ပြုချက်ရထားတာတောင် မြေပြင်မှ အမြင့်ပမာဏကြောင့် သူနဲ့လိုက်ဖက်တဲ့ လမ်းကိုတော့ ရှာဖွေမောင်းနှင်ဖို့ လိုပါလိမ့်မယ်။ Air Intakes ၁၂ ခုဟာ နောက်ဘက် Deck ထဲကို တွန်းပို့ထားတာကြောင့် V12 အင်ဂျင်ကြီးရဲ့ Cooling စနစ်ကို ပိုကောင်းမွန်စေတယ်။


Specs အများစုက Aventador SVJ နဲ့တူညီပြီး အခြေခံမြင်းကောင်ရေ ၇၆၀ အားနဲ့ 531 lb-ft Torque ရှိပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို အတိအကျ မသိသေးပေမယ့် ကားရဲ့အလေးချိန်ကို လျှော့ချနိုင်ဖို့ ပါဝါကို ချိန်ညှိထားကြောင်း Lamborghini ကဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ပုံမှန် Aventador SVJ တစ်စီးဟာ တစ်နာရီ ၆၂ မိုင်နှုန်းကို ၂.၈ စက္ကန့်အတွင်း၊ ၁၂၄ မိုင်နှုန်းကို ၈.၆ စက္ကန့်အတွင်းရောက်ရှိနိုင်ပြီး Top Speed က တစ်နာရီ ၂၁၇ မိုင်နှုန်းရှိပါတယ်။ ‘SC18’ မော်ဒယ် သစ်မှာ တမူထူးခြားတဲ့ အသံကိုထုတ်ပေးမယ့် အိပ်ဇောစနစ်သစ်ကို အသုံးပြုထားတယ် လို့လည်း ဆိုတယ်။

လောလောဆယ်မှာ ကားရဲ့ပုံရိပ်ကို မြင်တွေ့ရပေမယ့် စွမ်းဆောင်ရည် အတိအကျ၊ ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းတွေကိုတော့ မသိရသေးဘဲ Lamborghini ကအသင့်ဖြစ်တဲ့အချိန်မှ ကြေငြာလာတာကို စောင့်ကြည့်ရဦးမှာပါ။

Ref – Top Gear

© Copyright 2019 Optima Werkz Yangon