ကမာၻ႕ေစ်းအၾကီးဆုံး စူပါကား စုေဆာင္းမႈ

ကမာၻ႕ေစ်းအၾကီးဆုံး စူပါကား စုေဆာင္းမႈ

ဘာရိန္းျမိဳ႕မွာရွိတဲ့ ကားဝါသနာအုိး တစ္ေယာက္ရဲ႕ စိတ္သြားတုိင္းကိုယ္ပါ စုေဆာင္းထားတဲ့ ဒီကမာၻေပၚက ေစ်းအၾကီးဆုံး ကားစုေဆာင္းမႈ Collection တစ္ခုကို အင္တာနက္ကေန သြားလည္ရေအာင္။

ဒီထဲကိုေရာက္သြားရင္ လွ်ဳိ႕ဝွက္စပုိင္တစ္ေယာက္လို ခံစားသြားရမွာပဲ။ Top Gear အဖြဲ႕က အယ္ဒီတာ တစ္ေယာက္ဟာ ဘာရိန္းျမိဳ႕က စူပါကားေတြခ်ည္းပဲ စုစည္းထားတဲ့ ကားဂုိေထာင္ထဲကို ဝင္ခြင့္ရဖို႔ အမ်ားၾကီး ၾကိဳးစားခဲ့ရပါတယ္။ ဒီလူဟာ အင္စတာဂရမ္မွာ @the_collection1 ဆုိတဲ့ ပုံတုံးတုံးနာမည္ကိုသာ အသုံးျပဳျပီး သူ႕ကိုယ္သူ ထုတ္ေဖာ္မျပေပမယ့္ သူ႕ရဲ႕ ဂုိေထာင္ၾကီးထဲမွာေတာ့ စုစုေပါင္း စတာလင္ေပါင္ သန္း ၁၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ ဇိမ္ခံကားေတြ ရပ္ထားတာပါ။

ဖိတ္ေခၚခံရသူ ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ကားစုေဆာင္းသူေတြရဲ႕ အိပ္မက္ျဖစ္တဲ့ ေစ်းအၾကီးဆုံး စာရင္းဝင္ ဇိမ္ခံကားေတြကို အစီအရီ ထိုးရပ္ထားတာ ေတြ႕လိုက္ရျပီး ေပ်ာ္ရႊင္မႈနဲ႔ တျပဳိင္တည္း မနာလိုေတာင္ ျဖစ္သြားရတယ္လို႔ ဆုိတယ္။ သူမွတ္တမ္းတင္လာတဲ့ ကမာၻေပၚမွာ ေတြ႕ရခဲတဲ့ ကားေပါင္းမ်ားစြာကို တစ္ေနရာတည္း လမ္းတစ္ပတ္ေလွ်ာက္ၾကည့္ႏုိင္တဲ့ စူပါကား Collection ၾကီးကို ခံစားၾကည့္ရေအာင္။

၁. McLaren F1

ကိုယ္ထည္နံပါတ္ ၀၀၆ ၊ မူရင္းအေရာင္က ေငြေရာင္ပါ။ သူ႕ရဲ႕ အင္ဂ်င္ကို Flouro Orange ခ်ယ္ထားတဲ့ ကမာၻေပၚမွာ တစ္စီးတည္းေသာကား။

၂. Porsche 918 Spyder

LaFerrari နဲ႔ McLaren P1 ရွိျပီး Porsche 918 Spyder တစ္စီးမွ မရွိဘူးဆုိတာ မျဖစ္သင့္ဘူး မဟုတ္လား။

၃. McLaren P1

McLaren F1 လိုပဲ ဒီေကာင္ဟာလည္း ထုတ္လုပ္မႈမွာ နံပါတ္ေျခာက္ ျဖစ္ပါတယ္။

၄. McLaren Senna

ေနာက္ဆုံးေရာက္ရွိထားတဲ့ ကားေတြထဲက တစ္စီး၊ ကာဘြန္ဖိုင္ဘာကိုယ္ထည္က ထင္ထားတာထက္ လွပတယ္။ မၾကာခင္ ထြက္လာမယ့္ Speedtail ကိုလည္း ဒီလူက မွာထားျပီးပါျပီတဲ့။

၅. 911 GT1 Straßenversion

သရဖူေပၚက ေက်ာက္မ်က္ရတနာ တစ္ခုပါပဲ။ ဒီကားေတြထဲမွာ 993 စတုိင္ Headlight ပါတဲ့ ကားႏွစ္စီးပဲ ရွိျပီး ဒီမွာ တစ္စီးကုိ ျမင္ေနရပါျပီ။ က်န္တဲ့ကားေတြအကုန္ 996 စတုိင္ေတြ ျဖစ္တယ္။ အေျခခံျမင္းေကာင္ေရ ၅၃၆ ေကာင္အား၊ တစ္နာရီ ၆၂ မုိင္ကို ၃.၉ စကၠန္႔နဲ႔ ေရာက္ႏုိင္တယ္။ Top Speed က တစ္နာရီ ၁၉၁ မုိင္ႏႈန္း။

၆. Mercedes AMG CLK GTR

၆.၉ လီတာ V12 အင္ဂ်င္၊ အေျခခံျမင္းေကာင္ေရ ၆၀၄ ေကာင္အားနဲ႔ အမုိက္ဆုံးေတြထဲက တစ္ခုပါ။

၇. Bugatti Chiron

ဒါဟာ Spec အျမင့္ဆုံး ဆင္ထားတဲ့ Bugatti Chiron လို႔ထင္ရပါတယ္။ ထိန္းသိမ္းတာ ေတာ္လြန္းလုိ႔ ကားရဲ႕ ရနံ႔ကေတာင္ အသစ္စက္စက္အတုိင္း ရေနေသးတယ္လို႔ ဆုိတယ္။

၈. Bugatti Veyron

Standard ျဖစ္တဲ့ ျမင္းေကာင္ ၉၈၇ အား တံခါးႏွစ္ေပါက္ Coupe ကားပါ။ ပိုလန္းတဲ့ Hermes Edition နဲ႔။

၉. LaFerrari

၆.၃ လီတာ V12 အင္ဂ်င္နဲ႔ Hybrid Assistance ပါဝင္တယ္။ အေျခခံျမင္းေကာင္ေရ ၉၅၀ အားရွိျပီး ငါးႏွစ္ၾကာျပီျဖစ္ေပမယ့္ ကားဝါသနာအုိးေတြကို သြားေရယုိေစတုန္းပဲ။

၁၀. Ferrari F50 (အလယ္မွာ)

ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာခဲ့ျပီ ျဖစ္ေပမယ့္ ပုံစံက ေခတ္မွီေနတုန္းပဲ။

၁၁. Toyota 2000GT

ဂ်ပန္ကားခ်စ္သူေတြ အတြက္ေတာ့ ရွားပါးတဲ့ စုစည္းမႈပါပဲ။ ယာမာဟာကုမၸဏီနဲ႔ ပူးေပါင္း တည္ေဆာက္ခဲ့တဲ့ ကားျဖစ္ပါတယ္။ ယခုအခ်ိန္မွာ အရမ္းရွားျပီး ေစ်းအရမ္းျမင့္တဲ့ Collection ျဖစ္ေနပါျပီ။

၁၂. Saleen S7

အေမရိကန္ကုမၸဏီ Saleen ရဲ႕ Legacy ကုိ စတင္ေပးခဲ့သူတစ္ဦး။ Bruce Almighty ရုပ္ရွင္မွာ ေငြေရာင္ေမာ္ဒယ္တစ္စင္း ပါခဲ့ဖူးပါတယ္။

၁၃. Hennessey Venom

သူ႕ရဲ႕ Top Speed ျဖစ္တဲ့ တစ္နာရီမုိင္ ၂၇၀ ႏႈန္းျဖင့္ အျပည့္ေမာင္းႏွင္တာကို ဘယ္လို ကံဇာတာနဲ႔မွ ေတြ႕ျမင္ခြင့္ရမွာ မဟုတ္ပါဘူး။

၁၄. Koenigsegg Agera RS

လက္ရွိမွာ Top Speed 277 mph နဲ႔ ကမာၻ႕အျမန္ဆုံး စက္ရုံထုတ္ လူစီးကား ျဖစ္ပါတယ္။

၁၅. Lamborghini Reventon

ကြန္မန္ဒို အစိမ္းေရာင္ ထုိင္ခုံေတြနဲ႔ ကားဟာ အစီးေရ ၂၀ ပဲ ထုတ္လုပ္တဲ့ထဲက တစ္စီးပါ။

@the_collection1 ရဲ႕ ဂိုေထာင္ထဲမွာေတာ့ Porsche, McLaren, Mercedes တုိ႔က ထုတ္ခဲ့တဲ့ နာမည္ေက်ာ္ကားေတြ အမ်ားစုကိုလည္း ျမင္ေတြ႕ရပါတယ္။ သူ႕ရဲ႕ ကား Collection ကုိ အားက်ခ်င္ရင္ေတာ့ အင္စတာအေကာင့္မွာ သြားရွာၾကည့္လို႔ရပါတယ္။

Ref – Top Gear

Unicode

ဘာရိန်းမြို့မှာရှိတဲ့ ကားဝါသနာအိုး တစ်ယောက်ရဲ့ စိတ်သွားတိုင်းကိုယ်ပါ စုဆောင်းထားတဲ့ ဒီကမ္ဘာပေါ်က ဈေးအကြီးဆုံး ကားစုဆောင်းမှု Collection တစ်ခုကို အင်တာနက်ကနေ သွားလည်ရအောင်။

ဒီထဲကိုရောက်သွားရင် လျှို့ဝှက်စပိုင်တစ်ယောက်လို ခံစားသွားရမှာပဲ။ Top Gear အဖွဲ့က အယ်ဒီတာ တစ်ယောက်ဟာ ဘာရိန်းမြို့က စူပါကားတွေချည်းပဲ စုစည်းထားတဲ့ ကားဂိုထောင်ထဲကို ဝင်ခွင့်ရဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်။ ဒီလူဟာ အင်စတာဂရမ်မှာ @the_collection1 ဆိုတဲ့ ပုံတုံးတုံးနာမည်ကိုသာ အသုံးပြုပြီး သူ့ကိုယ်သူ ထုတ်ဖော်မပြပေမယ့် သူ့ရဲ့ ဂိုထောင်ကြီးထဲမှာတော့ စုစုပေါင်း စတာလင်ပေါင် သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ ဇိမ်ခံကားတွေ ရပ်ထားတာပါ။

ဖိတ်ခေါ်ခံရသူ ရောက်သွားတဲ့အချိန်မှာတော့ ကားစုဆောင်းသူတွေရဲ့ အိပ်မက်ဖြစ်တဲ့ ဈေးအကြီးဆုံး စာရင်းဝင် ဇိမ်ခံကားတွေကို အစီအရီ ထိုးရပ်ထားတာ တွေ့လိုက်ရပြီး ပျော်ရွှင်မှုနဲ့ တပြိုင်တည်း မနာလိုတောင် ဖြစ်သွားရတယ်လို့ ဆိုတယ်။ သူမှတ်တမ်းတင်လာတဲ့ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ ကားပေါင်းများစွာကို တစ်နေရာတည်း လမ်းတစ်ပတ်လျှောက်ကြည့်နိုင်တဲ့ စူပါကား Collection ကြီးကို ခံစားကြည့်ရအောင်။

၁. McLaren F1

ကိုယ်ထည်နံပါတ် ၀၀၆ ၊ မူရင်းအရောင်က ငွေရောင်ပါ။ သူ့ရဲ့ အင်ဂျင်ကို Flouro Orange ချယ်ထားတဲ့ ကမ္ဘာပေါ်မှာ တစ်စီးတည်းသောကား။

၂. Porsche 918 Spyder

LaFerrari နဲ့ McLaren P1 ရှိပြီး Porsche 918 Spyder တစ်စီးမှ မရှိဘူးဆိုတာ မဖြစ်သင့်ဘူး မဟုတ်လား။

၃. McLaren P1

McLaren F1 လိုပဲ ဒီကောင်ဟာလည်း ထုတ်လုပ်မှုမှာ နံပါတ်ခြောက် ဖြစ်ပါတယ်။

၄. McLaren Senna

နောက်ဆုံးရောက်ရှိထားတဲ့ ကားတွေထဲက တစ်စီး၊ ကာဘွန်ဖိုင်ဘာကိုယ်ထည်က ထင်ထားတာထက် လှပတယ်။ မကြာခင် ထွက်လာမယ့် Speedtail ကိုလည်း ဒီလူက မှာထားပြီးပါပြီတဲ့။

၅. 911 GT1 Straßenversion

သရဖူပေါ်က ကျောက်မျက်ရတနာ တစ်ခုပါပဲ။ ဒီကားတွေထဲမှာ 993 စတိုင် Headlight ပါတဲ့ ကားနှစ်စီးပဲ ရှိပြီး ဒီမှာ တစ်စီးကို မြင်နေရပါပြီ။ ကျန်တဲ့ကားတွေအကုန် 996 စတိုင်တွေ ဖြစ်တယ်။ အခြေခံမြင်းကောင်ရေ ၅၃၆ ကောင်အား၊ တစ်နာရီ ၆၂ မိုင်ကို ၃.၉ စက္ကန့်နဲ့ ရောက်နိုင်တယ်။ Top Speed က တစ်နာရီ ၁၉၁ မိုင်နှုန်း။

၆. Mercedes AMG CLK GTR

၆.၉ လီတာ V12 အင်ဂျင်၊ အခြေခံမြင်းကောင်ရေ ၆၀၄ ကောင်အားနဲ့ အမိုက်ဆုံးတွေထဲက တစ်ခုပါ။

၇. Bugatti Chiron

ဒါဟာ Spec အမြင့်ဆုံး ဆင်ထားတဲ့ Bugatti Chiron လို့ထင်ရပါတယ်။ ထိန်းသိမ်းတာ တော်လွန်းလို့ ကားရဲ့ ရနံ့ကတောင် အသစ်စက်စက်အတိုင်း ရနေသေးတယ်လို့ ဆိုတယ်။

၈. Bugatti Veyron

Standard ဖြစ်တဲ့ မြင်းကောင် ၉၈၇ အား တံခါးနှစ်ပေါက် Coupe ကားပါ။ ပိုလန်းတဲ့ Hermes Edition နဲ့။

၉. LaFerrari

၆.၃ လီတာ V12 အင်ဂျင်နဲ့ Hybrid Assistance ပါဝင်တယ်။ အခြေခံမြင်းကောင်ရေ ၉၅၀ အားရှိပြီး ငါးနှစ်ကြာပြီဖြစ်ပေမယ့် ကားဝါသနာအိုးတွေကို သွားရေယိုစေတုန်းပဲ။

၁၀. Ferrari F50 (အလယ်မှာ)

နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ပုံစံက ခေတ်မှီနေတုန်းပဲ။

၁၁. Toyota 2000GT

ဂျပန်ကားချစ်သူတွေ အတွက်တော့ ရှားပါးတဲ့ စုစည်းမှုပါပဲ။ ယာမာဟာကုမ္ပဏီနဲ့ ပူးပေါင်း တည်ဆောက်ခဲ့တဲ့ ကားဖြစ်ပါတယ်။ ယခုအချိန်မှာ အရမ်းရှားပြီး ဈေးအရမ်းမြင့်တဲ့ Collection ဖြစ်နေပါပြီ။

၁၂. Saleen S7

အမေရိကန်ကုမ္ပဏီ Saleen ရဲ့ Legacy ကို စတင်ပေးခဲ့သူတစ်ဦး။ Bruce Almighty ရုပ်ရှင်မှာ ငွေရောင်မော်ဒယ်တစ်စင်း ပါခဲ့ဖူးပါတယ်။

၁၃. Hennessey Venom

သူ့ရဲ့ Top Speed ဖြစ်တဲ့ တစ်နာရီမိုင် ၂၇၀ နှုန်းဖြင့် အပြည့်မောင်းနှင်တာကို ဘယ်လို ကံဇာတာနဲ့မှ တွေ့မြင်ခွင့်ရမှာ မဟုတ်ပါဘူး။

၁၄. Koenigsegg Agera RS

လက်ရှိမှာ Top Speed 277 mph နဲ့ ကမ္ဘာ့အမြန်ဆုံး စက်ရုံထုတ် လူစီးကား ဖြစ်ပါတယ်။

၁၅. Lamborghini Reventon

ကွန်မန်ဒို အစိမ်းရောင် ထိုင်ခုံတွေနဲ့ ကားဟာ အစီးရေ ၂၀ ပဲ ထုတ်လုပ်တဲ့ထဲက တစ်စီးပါ။

@the_collection1 ရဲ့ ဂိုထောင်ထဲမှာတော့ Porsche, McLaren, Mercedes တို့က ထုတ်ခဲ့တဲ့ နာမည်ကျော်ကားတွေ အများစုကိုလည်း မြင်တွေ့ရပါတယ်။ သူ့ရဲ့ ကား Collection ကို အားကျချင်ရင်တော့ အင်စတာအကောင့်မှာ သွားရှာကြည့်လို့ရပါတယ်။

Ref – Top Gear

© Copyright 2019 Optima Werkz Yangon