ျမင္းေကာင္ေရ ၇၀၀ အားနဲ႔ Rezvani ရဲ႕ကားသစ္ Blackbird
  • November 18, 2018
  • In News

ျမင္းေကာင္ေရ ၇၀၀ အားနဲ႔ Rezvani ရဲ႕ကားသစ္ Blackbird

ကယ္လီဖိုးနီးယားအေျခစုိက္ စူပါကားထုတ္လုပ္သူအေသးစားကုမၸဏီ Rezvani ဟာ အလုပ္ၾကိဳးစားသူပါ။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က သူတုိ႔ရဲ႕ Beast ကားကိုေတာ့ မွတ္မိခ်င္မွတ္မိၾကပါလိမ့္ဦးမယ္။ အဂၤလန္အေျခစိုက္ ေမာ္ေတာ္ကားထုတ္လုပ္ေရး Ariel Atom ရဲ႕ ကိုယ္ထည္နဲ႔တည္ေဆာက္ထားတဲ့ Beast ကို Rezvani က ပုိစြမ္းအားျပင္းေအာင္ ဖန္တီးခဲ့ျပီး အေျခခံ ျမင္းေကာင္ေရ ၅၀၀ အား ရွိခဲ့တယ္။ ဒီတစ္ခါေတာ့ Beast ကိုထပ္ျပီး စြမ္းအားျမွင့္ထားတဲ့ ဗားရွင္းအသစ္ Beast Alpha X Blackbird စူပါကားအသစ္ကို ထပ္မိတ္ဆက္လုိက္ပါျပီ။

ဒီကားအသစ္ရဲ႕ ၂.၅ လီတာ Inline-Four Cylinder အင္ဂ်င္က နာမည္ၾကီး Cosworth ရဲ႕လက္ရာျဖစ္ျပီး အေျခခံ ျမင္းေကာင္ေရ ၇၀၀ အား ပိုင္ဆုိင္ပါတယ္။ Rezvani ဟာ သူ႕ရဲ႕အင္ဂ်င္ကို Carillo ရဲ႕ ျပိဳင္ကားေတြမွာ အသုံးျပဳတဲ့ အစိတ္အပုိင္းေတြကို Cosworth ရဲ႕ ECU နဲ႔တြဲဖက္တည္ေဆာက္ထားတယ္။ ဒါေတြကို ကားေမာင္းသူ ေနရာရဲ႕ ေနာက္ဘက္မွာ ထည့္သြင္းထားျပီး Six-Speed Manual ဂီယာေဘာက္စ္ကေန ေၾကာက္စရာ စြမ္းအားကို ထုတ္လုပ္ေပးမွာပါ။ ဒါေပမယ့္ လက္ႏွစ္ဖက္လုံးကို စတီယာရင္ေပၚမွာပဲ ထားခ်င္ရင္လည္း ေရြးခ်ယ္ႏုိင္ပါတယ္။

မူလ Beast လိုမ်ဳိး Atom ရဲ႕ကိုယ္ထည္ကို အေျခမခံေပမယ့္ Rezvani ဟာေနာက္ထပ္ ျဗိတိန္အေျခစုိက္ ကုမၸဏီတစ္ခုျဖစ္တဲ့ Lotus Elise ရဲ႕ဝန္ေဆာင္မႈကို ရယူထားပါတယ္။ ကာဘြန္ Bodywork ဟာ အင္မတန္ ေပါ့ပါးျပီး Power-to-weight Ratio မွာ တစ္တန္ကို 717bhp ထိထုတ္လုပ္ေပးႏုိင္တယ္။ တစ္နာရီမုိင္ ၆၀ ႏႈန္းကို ၂.၉ စကၠန္႔အတြင္း ေရာက္ႏုိင္ပါတယ္။

အနက္ေရာင္တစ္မ်ဳိးတည္း ရရွိႏုိင္တဲ့ Beast Alpha X Blackbird ရဲ႕တန္ဖိုးကေတာ့ ေဒၚလာ ၂၂၅,၀၀၀ သတ္မွတ္ထားပါတယ္။ ဒါေပမယ့္ 500bhp နဲ႔ Beast Alpha ကိုလည္း ထုတ္လုပ္ေရာင္းခ်ေနဆဲ ျဖစ္ျပီး X Blackbird ထက္ ပိုေစ်းခ်ဳိခ်ဳိနဲ႔ ရရွိႏုိင္တယ္။

Ref – Top Gear

Unicode

ကယ်လီဖိုးနီးယားအခြေစိုက် စူပါကားထုတ်လုပ်သူအသေးစားကုမ္ပဏီ Rezvani ဟာ အလုပ်ကြိုးစားသူပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူတို့ရဲ့ Beast ကားကိုတော့ မှတ်မိချင်မှတ်မိကြပါလိမ့်ဦးမယ်။ အင်္ဂလန်အခြေစိုက် မော်တော်ကားထုတ်လုပ်ရေး Ariel Atom ရဲ့ ကိုယ်ထည်နဲ့တည်ဆောက်ထားတဲ့ Beast ကို Rezvani က ပိုစွမ်းအားပြင်းအောင် ဖန်တီးခဲ့ပြီး အခြေခံ မြင်းကောင်ရေ ၅၀၀ အား ရှိခဲ့တယ်။ ဒီတစ်ခါတော့ Beast ကိုထပ်ပြီး စွမ်းအားမြှင့်ထားတဲ့ ဗားရှင်းအသစ် Beast Alpha X Blackbird စူပါကားအသစ်ကို ထပ်မိတ်ဆက်လိုက်ပါပြီ။

ဒီကားအသစ်ရဲ့ ၂.၅ လီတာ Inline-Four Cylinder အင်ဂျင်က နာမည်ကြီး Cosworth ရဲ့လက်ရာဖြစ်ပြီး အခြေခံ မြင်းကောင်ရေ ၇၀၀ အား ပိုင်ဆိုင်ပါတယ်။ Rezvani ဟာ သူ့ရဲ့အင်ဂျင်ကို Carillo ရဲ့ ပြိုင်ကားတွေမှာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေကို Cosworth ရဲ့ ECU နဲ့တွဲဖက်တည်ဆောက်ထားတယ်။ ဒါတွေကို ကားမောင်းသူ နေရာရဲ့ နောက်ဘက်မှာ ထည့်သွင်းထားပြီး Six-Speed Manual ဂီယာဘောက်စ်ကနေ ကြောက်စရာ စွမ်းအားကို ထုတ်လုပ်ပေးမှာပါ။ ဒါပေမယ့် လက်နှစ်ဖက်လုံးကို စတီယာရင်ပေါ်မှာပဲ ထားချင်ရင်လည်း ရွေးချယ်နိုင်ပါတယ်။

မူလ Beast လိုမျိုး Atom ရဲ့ကိုယ်ထည်ကို အခြေမခံပေမယ့် Rezvani ဟာနောက်ထပ် ဗြိတိန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lotus Elise ရဲ့ဝန်ဆောင်မှုကို ရယူထားပါတယ်။ ကာဘွန် Bodywork ဟာ အင်မတန် ပေါ့ပါးပြီး Power-to-weight Ratio မှာ တစ်တန်ကို 717bhp ထိထုတ်လုပ်ပေးနိုင်တယ်။ တစ်နာရီမိုင် ၆၀ နှုန်းကို ၂.၉ စက္ကန့်အတွင်း ရောက်နိုင်ပါတယ်။

အနက်ရောင်တစ်မျိုးတည်း ရရှိနိုင်တဲ့ Beast Alpha X Blackbird ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၂၂၅,၀၀၀ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် 500bhp နဲ့ Beast Alpha ကိုလည်း ထုတ်လုပ်ရောင်းချနေဆဲ ဖြစ်ပြီး X Blackbird ထက် ပိုဈေးချိုချိုနဲ့ ရရှိနိုင်တယ်။

Ref – Top Gear

© Copyright 2019 Optima Werkz Yangon