ထုတ္လုပ္ရန္အသင့္ Aston Martin Valkyrie ကို စတင္ျပသ
  • November 7, 2018
  • In News

ထုတ္လုပ္ရန္အသင့္ Aston Martin Valkyrie ကို စတင္ျပသ

Aston Martin က အသစ္ထုတ္မယ့္ Valkyrie ဟာ လွပတဲ့ ဒီဇုိင္းေၾကာင့္ ကားဝါသနာရွင္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ေမာ္ဒယ္အသစ္တစ္ခုပါ။ ျပီးခဲ့တဲ့လက မိတ္ဆက္ခဲ့ျပီး ယခုမွာေတာ့ Aston Martin ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေန ထုတ္လုပ္ေရာင္းခ်ရန္အသင့္ ျဖစ္ေနတဲ့ Valkyrie ရဲ႕ဒီဇုိင္း အျပည့္အစုံကို ျပသလိုက္ပါျပီ။ အျပာေရာင္အေဖ်ာ့ကေန အနက္ေရာင္ေျပးအျဖစ္ ေျပာင္းသြားတဲ့ ကာလာနဲ႔ နမူနာေမာ္ဒယ္ကို အခုလို ေတြ႕ရပါတယ္။

ယခုထြက္လာတဲ့ ဒီဇုိင္းဟာ ယခင္ ကားျပပြဲမွာ စတင္ေၾကျငာခဲ့တုန္းက ပုံနဲ႔ေတာ့ ကြဲလြဲမႈ ရွိပါတယ္။ ေဘးတုိက္လိုင္းေတြဟာ ပုိေခ်ာမြတ္သြားျပီး ကားေခါင္မုိးေပၚမွာလည္း Air Intake အေသးတစ္ခု ျဖည့္ထားတာ ေတြ႕ရတယ္။ ယခုဒီဇုိင္းမွာလည္း ေဘးၾကည့္မွန္ေတြ မပါတဲ့အတြက္ Valkyrie ဟာ ေဘးဘက္ျမင္ကြင္းေတြ အတြက္ပါ ကင္မရာကို အသုံးျပဳမယ္လို႔ ယူဆရျပီး မၾကာခင္က McLaren မိတ္ဆက္ခဲ့တဲ့ Speedtail ကားသစ္လုိပါပဲ။

Aston Martin Valkyrie ကုိ လာမယ့္ ၂၀၁၉ ထဲမွာ စမ္းသပ္ေမာင္းႏွင္ျပႏုိင္ဖို႔ ေမွ်ာ္မွန္းထားတယ္။ အင္ဂ်င္စနစ္က Cosworth ဖန္တီးထားတဲ့ 6.5 လီတာ V12 အင္ဂ်င္စနစ္ အသုံးျပဳမယ္ဆုိတာ ေၾကညာထားျပီးသားပါ။ စုစုေပါင္း ျမင္းေကာင္ေရ ၁၁၃၀ အားထြက္ရွိႏုိင္ျပီး အေလးခ်ိန္က ၁၀၃၀ ကီလုိဂရမ္ ရွိပါတယ္။

Aston Martin ကေတာ့ ၂၀၁၉ ႏွစ္စမွာ ထုတ္လုပ္တပ္ဆင္မႈကို စတင္သြားမွာျဖစ္ျပီး ႏွစ္မကုန္ခင္ Prototype တစ္စီးကို လမ္းေၾကာင္းေပၚမွာ စမ္းသပ္ေမာင္းႏွင္ျပႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ Aston Martin Valkyrie ေတြဟာ တစ္စီးကို ေဒၚလာ ၃.၂ သန္း သတ္မွတ္ထားျပီး စုစုေပါင္း အစီးေရ ၁၅၀ ပဲ ထုတ္လုပ္သြားမွာပါ။

Ref – GT Spirit

Unicode

Aston Martin က အသစ်ထုတ်မယ့် Valkyrie ဟာ လှပတဲ့ ဒီဇိုင်းကြောင့် ကားဝါသနာရှင်တွေ စောင့်မျှော်နေတဲ့ မော်ဒယ်အသစ်တစ်ခုပါ။ ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့ပြီး ယခုမှာတော့ Aston Martin ရဲ့ တရားဝင် တွစ်တာအကောင့်ကနေ ထုတ်လုပ်ရောင်းချရန်အသင့် ဖြစ်နေတဲ့ Valkyrie ရဲ့ဒီဇိုင်း အပြည့်အစုံကို ပြသလိုက်ပါပြီ။ အပြာရောင်အဖျော့ကနေ အနက်ရောင်ပြေးအဖြစ် ပြောင်းသွားတဲ့ ကာလာနဲ့ နမူနာမော်ဒယ်ကို အခုလို တွေ့ရပါတယ်။

ယခုထွက်လာတဲ့ ဒီဇိုင်းဟာ ယခင် ကားပြပွဲမှာ စတင်ကြေငြာခဲ့တုန်းက ပုံနဲ့တော့ ကွဲလွဲမှု ရှိပါတယ်။ ဘေးတိုက်လိုင်းတွေဟာ ပိုချောမွတ်သွားပြီး ကားခေါင်မိုးပေါ်မှာလည်း Air Intake အသေးတစ်ခု ဖြည့်ထားတာ တွေ့ရတယ်။ ယခုဒီဇိုင်းမှာလည်း ဘေးကြည့်မှန်တွေ မပါတဲ့အတွက် Valkyrie ဟာ ဘေးဘက်မြင်ကွင်းတွေ အတွက်ပါ ကင်မရာကို အသုံးပြုမယ်လို့ ယူဆရပြီး မကြာခင်က McLaren မိတ်ဆက်ခဲ့တဲ့ Speedtail ကားသစ်လိုပါပဲ။

Aston Martin Valkyrie ကို လာမယ့် ၂၀၁၉ ထဲမှာ စမ်းသပ်မောင်းနှင်ပြနိုင်ဖို့ မျှော်မှန်းထားတယ်။ အင်ဂျင်စနစ်က Cosworth ဖန်တီးထားတဲ့ 6.5 လီတာ V12 အင်ဂျင်စနစ် အသုံးပြုမယ်ဆိုတာ ကြေညာထားပြီးသားပါ။ စုစုပေါင်း မြင်းကောင်ရေ ၁၁၃၀ အားထွက်ရှိနိုင်ပြီး အလေးချိန်က ၁၀၃၀ ကီလိုဂရမ် ရှိပါတယ်။

Aston Martin ကတော့ ၂၀၁၉ နှစ်စမှာ ထုတ်လုပ်တပ်ဆင်မှုကို စတင်သွားမှာဖြစ်ပြီး နှစ်မကုန်ခင် Prototype တစ်စီးကို လမ်းကြောင်းပေါ်မှာ စမ်းသပ်မောင်းနှင်ပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ Aston Martin Valkyrie တွေဟာ တစ်စီးကို ဒေါ်လာ ၃.၂ သန်း သတ်မှတ်ထားပြီး စုစုပေါင်း အစီးရေ ၁၅၀ ပဲ ထုတ်လုပ်သွားမှာပါ။

Ref – GT Spirit

© Copyright 2019 Optima Werkz Yangon