Super Car ကြိုက်တဲ့သူတွေ ကြွေစေမယ့် မြန်မာပြည်က Lamborghini Aventador

Super Car ကြိုက်တဲ့သူတွေ ကြွေစေမယ့် မြန်မာပြည်က Lamborghini Aventador

Lamborghini ဟာ Aventador နာမည်နဲ့ ပြိုင်ကားတွေ ထုတ်လုပ်နေတာ ၂၀၁၁ ကနေ ယနေ့ထိပဲဖြစ်ပါတယ်။ မြင်သူတိုင်း ငေးရတဲ့ ဒီဇိုင်းတွေနဲ့ မောင်းရတဲ့သူကိုလည်း သူမတူတဲ့အတွေ့အကြုံတွေ ခံစားရလောက်အောင် ဖန်တီးပေးနိုင်တဲ့ ပြိုင်ကားတစ်မျိုးလို့ဆိုလည်း မမှားပါဘူး။ အဲ့လိုပြိုင်ကားမျိုးကို နဂိုထက်လန်းအောင် ဆင်ထားတဲ့ကားတစ်စီး မြန်မာမှာ ရှိနေတယ်ဆိုရင်ရော…။

ဒီလို Lamborghini Aventador က မြန်မာနိုင်ငံမှာရှိတာ လက်ချိုးရေလို့တောင်ရပါတယ်။ အခုဖော်ပြပေးချင်တာကတော့ လိမ္မော်ရောင်နဲ့ Lamborghini Aventador LP700-4  Model ပါ။ နဂိုနဲ့မတူတော့တဲ့ အချက်တစ်ခုကတော့ Mansory Bodykit ပါပဲ။ ကားရဲ့ရှေ့ကနေနောက်နားထိ အောက်ပိုင်း ပတ်ပတ်လည်မှာ Bodykit က အရင်ထက် ပိုကြည့်ကောင်းသွားအောင် ပြုလုပ်ပေးထားပါတယ်။

Rims တွေကလည်း HRE Rims တွေကိုသုံးထားတယ်။ ဒါ့အပြင် Chiptuning လုပ်တော့လည်း McChip Chip Tuning လုပ်ထားပြီး Exhaust ပိုက်လည်း လဲထားပါသေးတယ်။

မြင်းကောင်ရေအားကလည်း ၈၀၀ တောင်ဆိုတော့ ဘယ်လောက်ပြေးမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။ ဒါ့အပြင် ကားရဲ့ အတွင်းခန်းနဲ့ Side Mirror ၂ ခုမှာ  Carbon Fiber ကိုသုံးလိုက်တော့ တော်တော်လေးကို ကြည့်ကောင်းသွားပါတယ်။

အင်ဂျင်ကတော့ နဂိုအတိုင်းပဲ 700 PS (510 kW; 690 bhp) 6.5 litre 60° V12 Engine ကိုသုံးထားပြီး ကျန်တာကြီးကြီးမားမား ပြောင်းလဲတာမျိုးတော့ မရှိပါဘူး။

မြန်မာမှာ ရှားပါတယ်ဆိုတဲ့ ပြိုင်ကားကိုမှ နဂိုထက်ပိုလန်းအောင် ဆင်ထားတာဆိုတော့ ပုံထဲမှာ ပရိတ်သတ်ကြီး မြင်တဲ့အတိုင်းပါပဲ။ ပရိသတ်ကြီးလည်း ကိုယ့်သူငယ်ချင်းထဲမှာ ကားတွေကို Crazy ဖြစ်ပါတယ်ဆိုတဲ့လူတွေကို သွားရေကျသွားအောင် ဒီ Post လေးကို Share ပြီးပဲဖြစ်ဖြစ် သူ့ကို Mention ခေါ်ပြီးပဲဖြစ်ဖြစ် ဖတ်ခိုင်းကြည့်လိုက်ပါ။ မကြွေပဲမနေနိုင်လောက်အောင် ဖြစ်သွားပါလိမ့်မယ်။

ဒီလိုမျိုး Super Car အတိုင်းပဲ အလန်းစားဒီဇိုင်းတွေ၊ အမိုက်စားလုပ်ဆောင်ချက်တွေနဲ့ ကိုယ့်ရဲ့ကားကိုလည်း ပြောင်းလဲပစ်ဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ Optima Werkz Yangon ကိုသာ အရောက်သွားလိုက်ပါ။ အဖက်ဖက်မှ နားလည်တတ်ကျွမ်းတဲ့ Mechanic တွေနဲ့ စုစည်းဖွင့်လှစ်ထားတာဖြစ်လို့ ကိုယ်လိုချင်တဲ့အတိုင်းမရမှာ ပူစရာမလိုတော့ပါဘူး။ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေကလွဲရင် မနက်ကိုးနာရီမှ ညနေ ၅ နာရီခွဲအထိ ဆိုင်ဖွင့်တာကြောင့် အချိန်မရွေးသွားရောက်နိုင်ပါတယ်။

© Copyright 2019 Optima Werkz Yangon