Porsche 997 ပြိုင်ကားကို ပိုလန်းသွားအောင် Optima Werkz က ဘယ်လို ပြင်ဆင်လိုက်သလဲ?

Porsche 997 ပြိုင်ကားကို ပိုလန်းသွားအောင် Optima Werkz က ဘယ်လို ပြင်ဆင်လိုက်သလဲ?

သင်သာ တကယ်လို့ ဒီလိုမျိုး အရမ်းလှပနေတဲ့ Porsche 997 ပြိုင်ကားကို ပိုင်ဆိုင်တယ်ဆိုရင် အခု ကားဒီဇိုင်းပုံစံကို ပြောင်းလဲဖို့ စိတ်ကူးမိပါ့မလား? Bruno Mars က သူရဲ့ သီချင်းထဲမှာ “You’re amazing just the way you are” လို့ဆိုသွားတာကို နားထောင်မယ်ဆိုရင် ဘာလို့ ပြောင်းလဲမှာလဲလို့ ဆိုပေမယ့် Optima Werkz မှာဆိုရင်တော့ နဂိုလှပြီးသား ကားတွေကို ပိုပြီး ခန့်ညားလှပ ငေးမောသွားစေမယ့်အပြင် စွမ်းဆောင်ရည်ပိုမြင့်အောင်ပါ ပြောင်းလဲပေးလိုက်နိုင်ပါတယ်။

Optima Werkz ဟာ သင့်ရဲ့ အဖိုးတန်ကားကို အတွင်းပိုင်းရော အပြင်ပိုင်းကိုပါ လန်းသွားအောင်လုပ်ပေးမှာပါ။ Transformers ရုပ်ရှင်တွေထဲကလိုပါပဲ။ ဒါက မျက်လုံးက မြင်နိုင်တာထက်တောင်ပိုပါသေးတယ်။ ကဲ Optima Werkz မှာ Porsche 997 တစ်စီး ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို လေ့လာကြည့်ရအောင်။

Porsche 997 လေးဟာ ဘာမှ မပြင်ဆင်ခင်အချိန်မှာတော့ အောက်ကပုံအတိုင်းရှိနေပါတယ်။ အဖြူထည်လေးပေါ့။

Optima Werkz အလုပ်စလုပ်ပြီ

Innotech Performance Exhaust (IPE) ကို တပ်ဆင်ခြင်း

ပထမဆုံးစတင်ပြောင်းလဲတာကတော့ Innotech Performance Exhaust (IPE) ကို တပ်ဆင်တာပါ။ ဒီ Exhaust ဟာ ကားရဲ့ Horse Power ကိုလည်း ပိုတက်လာအောင် စွမ်းဆောင်နိုင်ပြီး မောင်းရတာလည်း တော်တော်လေး ချောချောမွေ့မွေ့ရှိစေပါတယ်။ ဒါ့အပြင် Mcchip Stage 3 Tuning ပါလုပ်လိုက်တဲ့အခါမှာတော့ ကားရဲ့ Performance  က သိသိသာသာ ကောင်းလာပါတယ်။ Horse Power မှာဆို 530hp ကနေ 657hp နဲ့ Torque မှာဆို 680NM ကနေ 835Nm အထိတိုးလာတဲ့အပြင် Speed မှာလည်း 329km/hr ကနေ 341km/hr ထိတက်လာပါတယ်။

AirRex Digital Air Suspension System ကို တပ်ဆင်ခြင်း

Forgiato အလွိုင်း နဲ့ တာယာတွေကို တပ်ဆင်ခြင်း

Suspension အစိတ်အပိုင်းတွေဖြစ်တဲ့ Mounting ၊ Control Arms နဲ့ Linkages တွေကို ပြောင်းလဲခြင်း

Suspension မှာတော့ AirRex Digital Air Suspension System ကို ပြောင်းလဲတပ်ဆင်လို က်တဲ့အတွက် လမ်းမှာ ချိုင့်တွေ Slowdown တွေတွေ့တဲ့အခါ ကားကို နှိမ့်တာမြင့်တာတွေ ကိုယ့်စိတ်ကြိုက် လုပ်လို့ရသွားပါတယ်။ အလွိုင်း နဲ့ တာယာတွေကိုတော့ Forgiato Sport Tire နဲ့ Wheel တွေ တပ်ဆင်လိုက်တဲ့အခါ ကားက Highspeed မှာတောင် တော်တော်လေး Stable ဖြစ်ပါတယ်။

Optima Werkz က သူရဲ့ မှော်အစွမ်းကို ပြပြီးတဲ့အချိန်

Liberty Walk LB Performance Body Kit နဲ့ Paintjob

မြင်းကောင်ရေ၊ Torque နဲ့ Speed ကို ပိုတိုးစေဖို့ Mcchip Stage 3 Tuning

အတွင်းပိုင်းတွေကို Carbon Fiber Parts  တွေကို အသုံးပြုထားတာ တွေ့ရပါတယ်ဒီ Carbon Fiber တွေကို ပြောင်းလဲတပ်ဆင်လိုက်တဲ့အတွက်  ကားရဲ့ မူလအလေးချိန်ကို လျှော့ချပေးပြီး မောင်းရတာပိုသွက်လာစေပါတယ်။

ထိုင်ခုံ၊ ဘေးကာ၊ Ceiling နဲ့ ထိုင်ခုံခါးပတ်တွေအတွက် အတွင်းခန်းအလှဆင်မှု



အရောင်ကတော့ အဖြူရောင်လေးကနေ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားပါတယ်။ ဘယ်လိုလဲ ? သဘောကျနေပြီလား ? ဒီလို Super Car တွေ Luxury Car တွေကို သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းတာဆိုလို့ Optima Werkz Yangon ပဲရှိမယ်ထင်တယ်။ ပရိတ်သတ်ကြီးလည်း ကိုယ့်ကားကို ဒီလိုလန်းသွားအောင် ဒါမှမဟုတ် ဒီထက်လန်းသွားအောင် ဆင်ချင်တယ်ဆိုရင် ဒီ Optima Werkz Yangon ကိုသာသွားကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။

© Copyright 2019 Optima Werkz Yangon