သင့္ကားကို စက္ဆီဘယ္ေလာက္ထည့္ဖို႔ လိုသလဲ?

သင့္ကားကို စက္ဆီဘယ္ေလာက္ထည့္ဖို႔ လိုသလဲ?

ဒါဟာ တကယ္ေတာ့ လြယ္ကူတဲ့ ေမးခြန္းတစ္ခုပါ။ Crankcase အမ်ားစုက ဆီပမာဏ 5 Quarts ေလာက္ လိုအပ္ျပီး စလင္ဒါေလးခုနဲ႔ အင္ဂ်င္အေသးေတြကေတာ့ ဆီပမာဏ 4 Quarts ေလာက္ လိုပါတယ္။ ပိုၾကီးမားတဲ့ ထရပ္ကားေတြလို အင္ဂ်င္ေတြကေတာ့ ဆီပမာဏ 6 – 8 Quarts ေလာက္ထိ ျဖည့္ဖို႔ လိုေပမယ့္ ပုံမွန္ V6 နဲ႔ V8 အင္ဂ်င္ေတြကေတာ့ ဆီပမာဏ 5 Quarts အတြက္ ဒီဇုိင္းဆြဲထားၾကတာပါ။

ဆီပမာဏအရမ္းနည္းရင္ ဘာျဖစ္ႏုိင္သလဲ?

မေကာင္းပါဘူး။ ေမာ္ေတာ္ကား ေတာ္ေတာ္မ်ားမ်ားက စက္ဆီတစ္လီတာထက္ နည္းေနရင္ေတာင္ ဘာမွ ၾကီးၾကီးမားမား မထိခုိက္ဘဲ အခ်ိန္တုိေမာင္းႏွင္ႏုိင္ပါတယ္။ ဒါေပမယ့္ ဘယ္အင္ဂ်င္အတြက္မဆုိ စက္ႏႈိးတဲ့ အခ်ိန္က အေရးၾကီးတာကို မေမ့ပါနဲ႔။ စက္ႏႈိးလုိက္တဲ့အခါ တစ္စကၠန္႔၊ ႏွစ္စကၠန္႔အတြင္း လိုအပ္တဲ့ အစိတ္အပုိင္းေတြဆီကို စက္ဆီ ေရာက္သြားတဲ့အခ်ိန္က အေရးပါတယ္။ Crankcase ထဲက ဆီပမာဏ အရမ္းနည္းေနရင္ အဆုိပါ အစိတ္အပုိင္းေတြဆီ ျမန္ျမန္ေရာက္ဖို႔ မတတ္ႏုိင္ပါဘူး။

ဆီပမာဏ မ်ားေနရင္ေရာ?

ဒါလဲ မေကာင္းပါဘူး။ Crankcase ထဲမွာ ဆီအရမ္းမ်ားေနရင္ ပန္႔နဲ႔ ကရုိင္းရွပ္တုိ႔က ေလသလပ္ခံလုိက္ျပီး အျမဳပ္သ႑ာန္ ေျပာင္းေလ့ရွိပါတယ္။ အဲဒါက အင္ဂ်င္ရဲ႕ လႈပ္ရွားေနတဲ့ အစိတ္အပုိင္းအားလုံးကို ဆီပန္႔ၾကီး တစ္ခု အသြင္ေရာက္သြားေစျပီး ဆီပန္႔က စုပ္ယူတဲ့အခါ ဆီနဲ႔အတူ ေလပမာဏ အမ်ားၾကီးကိုပါ ယူမိပါတယ္။ ဟုိင္းေဝးအျမန္ႏႈန္းနဲ႔ဆုိရင္ ကရုိင္းရွပ္နဲ႔ အျခားအစိတ္အပုိင္းေတြက တစ္စကၠန္႔ကို အၾကိမ္ ၂၀ ေလာက္ လွည့္ျပီး လႈံ႕ေဆာ္ေပးေနရတာပါ။ အျမဳပ္ထေနတဲ့ စက္ဆီေတြက ဘယ္ရင္ေတြနဲ႔ စလင္ဒါနံရံေတြကို ေကာင္းမြန္စြာ ေခ်ာေမြ႕မႈေပးမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အင္ဂ်င္ကို ထိခုိက္ႏုိင္ပါတယ္။

ကိုယ့္အင္ဂ်င္က စက္ဆီပမာဏ ဘယ္ေလာက္လိုအပ္လဲ ဆုိတာ သံသယရွိေနတုန္းပဲ ဆုိရင္ေတာ့ Manual ကိုဖတ္ၾကည့္ျပီး ဆီတုိင္းတဲ့ တုတ္တံမွာ “တစ္လီတာျဖည့္” နဲ႔ “ျပည့္ျပီ” ဆုိတဲ့ အမွတ္ႏွစ္ခုၾကား ေရာက္ေအာင္ သတိထားေပးရင္ အဆင္ေျပမွာပါ။

ကိုယ့္ရဲ႕ကားနဲ႔ ပတ္သက္ျပီး အဆင့္ျမွင့္တင္ခ်င္တာပဲ ျဖစ္ျဖစ္၊ ကားက်န္းမာေရးအတြက္ စစ္ေဆးခ်င္တာပဲ ျဖစ္ျဖစ္ ကၽြမ္းက်င္သူေတြ ရွိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖုိ႔ ဖိတ္ေခၚလိုက္ပါတယ္။ ကားအမ်ဳိးအစား မ်ဳိးစုံကို ကၽြမ္းက်င္စြာ ျပဳျပင္မြမ္းမံေပးႏုိင္တဲ့ Optima Werkz Yangon ကိုဆက္သြယ္လိုရင္ေတာ့ ဖုန္းနံပါတ္ +95 9782626 888, +95 9782626 999 ကုိဆက္သြယ္ႏုိင္ပါတယ္။

Ref – https://shop.advanceautoparts.com/r/advice/car-maintenance/how-much-oil-does-my-car-need

Unicode

ဒါဟာ တကယ်တော့ လွယ်ကူတဲ့ မေးခွန်းတစ်ခုပါ။ Crankcase အများစုက ဆီပမာဏ 5 Quarts လောက် လိုအပ်ပြီး စလင်ဒါလေးခုနဲ့ အင်ဂျင်အသေးတွေကတော့ ဆီပမာဏ 4 Quarts လောက် လိုပါတယ်။ ပိုကြီးမားတဲ့ ထရပ်ကားတွေလို အင်ဂျင်တွေကတော့ ဆီပမာဏ 6 – 8 Quarts လောက်ထိ ဖြည့်ဖို့ လိုပေမယ့် ပုံမှန် V6 နဲ့ V8 အင်ဂျင်တွေကတော့ ဆီပမာဏ 5 Quarts အတွက် ဒီဇိုင်းဆွဲထားကြတာပါ။

ဆီပမာဏအရမ်းနည်းရင် ဘာဖြစ်နိုင်သလဲ?

မကောင်းပါဘူး။ မော်တော်ကား တော်တော်များများက စက်ဆီတစ်လီတာထက် နည်းနေရင်တောင် ဘာမှ ကြီးကြီးမားမား မထိခိုက်ဘဲ အချိန်တိုမောင်းနှင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်အင်ဂျင်အတွက်မဆို စက်နှိုးတဲ့ အချိန်က အရေးကြီးတာကို မမေ့ပါနဲ့။ စက်နှိုးလိုက်တဲ့အခါ တစ်စက္ကန့်၊ နှစ်စက္ကန့်အတွင်း လိုအပ်တဲ့ အစိတ်အပိုင်းတွေဆီကို စက်ဆီ ရောက်သွားတဲ့အချိန်က အရေးပါတယ်။ Crankcase ထဲက ဆီပမာဏ အရမ်းနည်းနေရင် အဆိုပါ အစိတ်အပိုင်းတွေဆီ မြန်မြန်ရောက်ဖို့ မတတ်နိုင်ပါဘူး။

ဆီပမာဏ များနေရင်ရော?

ဒါလဲ မကောင်းပါဘူး။ Crankcase ထဲမှာ ဆီအရမ်းများနေရင် ပန့်နဲ့ ကရိုင်းရှပ်တို့က လေသလပ်ခံလိုက်ပြီး အမြုပ်သဏ္ဍာန် ပြောင်းလေ့ရှိပါတယ်။ အဲဒါက အင်ဂျင်ရဲ့ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းအားလုံးကို ဆီပန့်ကြီး တစ်ခု အသွင်ရောက်သွားစေပြီး ဆီပန့်က စုပ်ယူတဲ့အခါ ဆီနဲ့အတူ လေပမာဏ အများကြီးကိုပါ ယူမိပါတယ်။ ဟိုင်းဝေးအမြန်နှုန်းနဲ့ဆိုရင် ကရိုင်းရှပ်နဲ့ အခြားအစိတ်အပိုင်းတွေက တစ်စက္ကန့်ကို အကြိမ် ၂၀ လောက် လှည့်ပြီး လှုံ့ဆော်ပေးနေရတာပါ။ အမြုပ်ထနေတဲ့ စက်ဆီတွေက ဘယ်ရင်တွေနဲ့ စလင်ဒါနံရံတွေကို ကောင်းမွန်စွာ ချောမွေ့မှုပေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အင်ဂျင်ကို ထိခိုက်နိုင်ပါတယ်။

ကိုယ့်အင်ဂျင်က စက်ဆီပမာဏ ဘယ်လောက်လိုအပ်လဲ ဆိုတာ သံသယရှိနေတုန်းပဲ ဆိုရင်တော့ Manual ကိုဖတ်ကြည့်ပြီး ဆီတိုင်းတဲ့ တုတ်တံမှာ “တစ်လီတာဖြည့်” နဲ့ “ပြည့်ပြီ” ဆိုတဲ့ အမှတ်နှစ်ခုကြား ရောက်အောင် သတိထားပေးရင် အဆင်ပြေမှာပါ။

ကိုယ့်ရဲ့ကားနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်ချင်တာပဲ ဖြစ်ဖြစ်၊ ကားကျန်းမာရေးအတွက် စစ်ဆေးချင်တာပဲ ဖြစ်ဖြစ် ကျွမ်းကျင်သူတွေ ရှိတဲ့ Optima Werkz Yangon ဆီကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကားအမျိုးအစား မျိုးစုံကို ကျွမ်းကျင်စွာ ပြုပြင်မွမ်းမံပေးနိုင်တဲ့ Optima Werkz Yangon ကိုဆက်သွယ်လိုရင်တော့ ဖုန်းနံပါတ် +95 9782626 888, +95 9782626 999 ကိုဆက်သွယ်နိုင်ပါတယ်။

© Copyright 2019 Optima Werkz Yangon