ျမင္းေကာင္ေရ ၁၂၀၀ အားနဲ႔ Dodge Challenger Hellcat အၾကမ္းစား

ျမင္းေကာင္ေရ ၁၂၀၀ အားနဲ႔ Dodge Challenger Hellcat အၾကမ္းစား

Muscle ကားေတြထဲမွာ အၾကမ္းစားတစ္ခု ျဖစ္လာမယ့္ Dodge Challenger Hellcat Red Eye ပေရာဂ်က္ရဲ႕ ရလဒ္ကို နာမည္ေက်ာ္ Hennessey Performance က ခ်ျပလိုက္ပါျပီ။ Hellcat Red Eye ဟာ ျမင္းေကာင္ေရ ၁၂၀၀ အားရွိျပီး သူ႕ထက္နည္းနည္းပါဝါနိမ့္တဲ့ ျမင္းေကာင္ေရတစ္ေထာင္အား ေမာ္ဒယ္တစ္ခု ကိုလည္း ေရြးခ်ယ္ႏုိင္မွာပါ။

အေမရိကန္ Muscle ကားအမ်ဳိးအစားေတြနဲ႔ မရင္းႏွီးေသးတဲ့ သူေတြအတြက္ ေျပာရရင္ Dodge Challenger ဟာ လက္ရွိနာမည္အၾကီးဆုံး တံဆိပ္ေတြထဲက တစ္ခုပါ။ ၂၀၀၈ ခုႏွစ္မွာ ျပန္လည္ဖြဲ႕စည္းခဲ့ျပီး အမ်ဳိးအစားကြဲ ၁၅ မ်ဳိးထဲမွ ေမာ္ဒယ္အစားစားကို ထုတ္လုပ္လ်က္ရွိတယ္။ Dodge Challenger Hellcat Red Eye ကေတာ့ အားလုံးထဲမွာ ေနာက္ဆုံးေပၚေမာ္ဒယ္ပါ။ မႏွစ္က ထုတ္ျပခဲ့တဲ့ Demon ေမာ္ဒယ္ထက္ နည္းနည္းေလးပဲ ပါဝါနိမ့္ေပမယ့္ Demon လိုမ်ဳိး 100 Octane အစား 93 Octane အသုံးျပဳႏုိင္ေအာင္ ထုတ္လုပ္ထားတယ္။

Hennessey ကပဲ ရႊဳိင္းေပးထားတဲ့ HPE100 (ျမင္းေကာင္ေရတစ္ေထာင္) Package ကိုလည္း Hellcat Red Eye အတြက္ ရရွိႏုိင္ပါတယ္။ 6.2 လီတာ V8 အင္ဂ်င္မွာ 4.5 လီတာ Supercharger အပါအဝင္ ေျပာင္းလဲျမွင့္တင္ထားတဲ့ ေဘာ္ဒီအစိတ္အပုိင္းေတြ ပါဝင္တယ္။ ဒီမြမ္းမံမႈအသစ္ေၾကာင့္ စုစုေပါင္း ျမင္းေကာင္ေရ ၁၀၃၅ ကိုထုတ္လုပ္ႏုိင္မွာျဖစ္ျပီး 948 lb-ft Torque ရွိပါတယ္။

Hennessey ရဲ႕စတုိင္အတုိင္းပဲ ေနာက္ဆုံးေပၚ Dodge Challenger ကို အျပင္ပုိင္းမွာ ပိုျပီး မာေနတယ္လို႔ ထင္ရေအာင္လည္း Upgrade ေတြလုပ္ထားေသးတယ္။ ျမင္းေကာင္ေရ ၁၂၀၀ အား HPE1200 Kit ကိုလည္း ၾကိဳတင္မွာယူႏုိင္ဖို႔ Hennessey ကအတည္ျပဳထားပါတယ္။ HPE1200 ကေတာ့ Drag ပိုင္းကို ပိုသြားမွာျဖစ္ျပီး သူ႕အခ်က္အလက္ေတြကို အကုန္အစင္ မသိရေသးပါဘူး။

Ref – GT Spirit

Unicode

Muscle ကားတွေထဲမှာ အကြမ်းစားတစ်ခု ဖြစ်လာမယ့် Dodge Challenger Hellcat Red Eye ပရောဂျက်ရဲ့ ရလဒ်ကို နာမည်ကျော် Hennessey Performance က ချပြလိုက်ပါပြီ။ Hellcat Red Eye ဟာ မြင်းကောင်ရေ ၁၂၀၀ အားရှိပြီး သူ့ထက်နည်းနည်းပါဝါနိမ့်တဲ့ မြင်းကောင်ရေတစ်ထောင်အား မော်ဒယ်တစ်ခု ကိုလည်း ရွေးချယ်နိုင်မှာပါ။

အမေရိကန် Muscle ကားအမျိုးအစားတွေနဲ့ မရင်းနှီးသေးတဲ့ သူတွေအတွက် ပြောရရင် Dodge Challenger ဟာ လက်ရှိနာမည်အကြီးဆုံး တံဆိပ်တွေထဲက တစ်ခုပါ။ ၂၀၀၈ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး အမျိုးအစားကွဲ ၁၅ မျိုးထဲမှ မော်ဒယ်အစားစားကို ထုတ်လုပ်လျက်ရှိတယ်။ Dodge Challenger Hellcat Red Eye ကတော့ အားလုံးထဲမှာ နောက်ဆုံးပေါ်မော်ဒယ်ပါ။ မနှစ်က ထုတ်ပြခဲ့တဲ့ Demon မော်ဒယ်ထက် နည်းနည်းလေးပဲ ပါဝါနိမ့်ပေမယ့် Demon လိုမျိုး 100 Octane အစား 93 Octane အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတယ်။

Hennessey ကပဲ ရွှိုင်းပေးထားတဲ့ HPE100 (မြင်းကောင်ရေတစ်ထောင်) Package ကိုလည်း Hellcat Red Eye အတွက် ရရှိနိုင်ပါတယ်။ 6.2 လီတာ V8 အင်ဂျင်မှာ 4.5 လီတာ Supercharger အပါအဝင် ပြောင်းလဲမြှင့်တင်ထားတဲ့ ဘော်ဒီအစိတ်အပိုင်းတွေ ပါဝင်တယ်။ ဒီမွမ်းမံမှုအသစ်ကြောင့် စုစုပေါင်း မြင်းကောင်ရေ ၁၀၃၅ ကိုထုတ်လုပ်နိုင်မှာဖြစ်ပြီး 948 lb-ft Torque ရှိပါတယ်။

Hennessey ရဲ့စတိုင်အတိုင်းပဲ နောက်ဆုံးပေါ် Dodge Challenger ကို အပြင်ပိုင်းမှာ ပိုပြီး မာနေတယ်လို့ ထင်ရအောင်လည်း Upgrade တွေလုပ်ထားသေးတယ်။ မြင်းကောင်ရေ ၁၂၀၀ အား HPE1200 Kit ကိုလည်း ကြိုတင်မှာယူနိုင်ဖို့ Hennessey ကအတည်ပြုထားပါတယ်။ HPE1200 ကတော့ Drag ပိုင်းကို ပိုသွားမှာဖြစ်ပြီး သူ့အချက်အလက်တွေကို အကုန်အစင် မသိရသေးပါဘူး။

Ref – GT Spirit

© Copyright 2019 Optima Werkz Yangon