ျမင္းေကာင္ေရအား ၆၀၀ အထက္ရွိမယ့္ BMW M8 Coupe ကားသစ္
  • November 14, 2018
  • In News

ျမင္းေကာင္ေရအား ၆၀၀ အထက္ရွိမယ့္ BMW M8 Coupe ကားသစ္

BMW ဟာ ေနာက္ႏွစ္အတြင္းထြက္လာမယ့္ သူတုိ႔ရဲ႕ Flagship ကားအတြက္ ခုိင္မာတဲ့ အခ်က္အလက္ ထုတ္ျပန္ေပးလုိက္ပါျပီ။ M8 Coupe ကားသစ္ရဲ႕ အခ်က္အလက္ေတြဟာ တအားအံ့ၾသစရာ မေကာင္းေပမယ့္ ကားခ်စ္သူေတြအေနနဲ႔ လက္သင့္ခံႏုိင္မယ့္ အေနအထားပါပဲ။

အရင္ဆုံး BMW ဟာ သူတုိ႔ရဲ႕ M8 ကားသစ္မွာ M5 ေမာ္ဒယ္တုန္းကလုိ ၄.၄ လီတာ Twin-Turbocharged V8 အင္ဂ်င္ အသုံးျပဳထားျပီး ျမင္းေကာင္ေရအား ၆၀၀ အေျခခံစြမ္းရည္ ရွိမယ္လို႔ ဆုိတယ္။ ဒီစြမ္းအားဟာ 8-Speed ေအာ္တုိဂီယာေဘာက္ကေန ဘီးေလးဘီးလုံးကို ေရာက္ရွိအားသြင္းေပးမွာ ျဖစ္ျပီး ေနာက္ဘက္ဘီးႏွစ္လုံးထဲနဲ႔ ေမာင္းႏွင္ခ်င္ရင္လည္း Two-Wheel Drive Mode ကုိ ေျပာင္းလဲႏုိင္ပါတယ္။

BMW ရဲ႕ပုံမွန္ 8 စီးရီးဝင္ ကားေတြဟာ GT ကားပိုဆန္ေပမယ့္ M8 ကေတာ့ ပိုသြက္လက္မယ္လို႔ ကတိေပးထားတယ္။ 8 စီးရီးရဲ႕ Suspension ကို လုံးဝ Reworked လုပ္ထားျပီး တိက်မႈနဲ႔ ျဖတ္လတ္မႈကို တျခားကားေတြနဲ႔ မတူ ယူေဆာင္လာေပးႏုိင္မယ္လို႔ BMW ကေျပာခဲ့ပါတယ္။

စတီယာရင္ကိုလည္း M5 နဲ႔တူညီတဲ့ ပုံစံပဲ ထပ္သုံးထားေပမယ့္ M8 အတြက္ အထူးတလယ္ Tune ျပန္လုပ္ေပးထားတယ္။ BMW ကေတာ့ M8 အတြက္ Cabriolet နဲ႔ Grand Coupe ဗားရွင္းေတြကိုလည္း ထုတ္လုပ္သြားမယ္လို႔ ဝန္ခံထားတာေၾကာင့္ Coupe ေမာ္ဒယ္ေတြ ေရာင္းခ်ျပီး သိပ္မၾကာခင္ ထြက္လာဖို႔ ေမွ်ာ္မွန္းရပါတယ္။

Ref – TopGear

Unicode

BMW ဟာ နောက်နှစ်အတွင်းထွက်လာမယ့် သူတို့ရဲ့ Flagship ကားအတွက် ခိုင်မာတဲ့ အချက်အလက် ထုတ်ပြန်ပေးလိုက်ပါပြီ။ M8 Coupe ကားသစ်ရဲ့ အချက်အလက်တွေဟာ တအားအံ့သြစရာ မကောင်းပေမယ့် ကားချစ်သူတွေအနေနဲ့ လက်သင့်ခံနိုင်မယ့် အနေအထားပါပဲ။

အရင်ဆုံး BMW ဟာ သူတို့ရဲ့ M8 ကားသစ်မှာ M5 မော်ဒယ်တုန်းကလို ၄.၄ လီတာ Twin-Turbocharged V8 အင်ဂျင် အသုံးပြုထားပြီး မြင်းကောင်ရေအား ၆၀၀ အခြေခံစွမ်းရည် ရှိမယ်လို့ ဆိုတယ်။ ဒီစွမ်းအားဟာ 8-Speed အော်တိုဂီယာဘောက်ကနေ ဘီးလေးဘီးလုံးကို ရောက်ရှိအားသွင်းပေးမှာ ဖြစ်ပြီး နောက်ဘက်ဘီးနှစ်လုံးထဲနဲ့ မောင်းနှင်ချင်ရင်လည်း Two-Wheel Drive Mode ကို ပြောင်းလဲနိုင်ပါတယ်။

BMW ရဲ့ပုံမှန် 8 စီးရီးဝင် ကားတွေဟာ GT ကားပိုဆန်ပေမယ့် M8 ကတော့ ပိုသွက်လက်မယ်လို့ ကတိပေးထားတယ်။ 8 စီးရီးရဲ့ Suspension ကို လုံးဝ Reworked လုပ်ထားပြီး တိကျမှုနဲ့ ဖြတ်လတ်မှုကို တခြားကားတွေနဲ့ မတူ ယူဆောင်လာပေးနိုင်မယ်လို့ BMW ကပြောခဲ့ပါတယ်။

စတီယာရင်ကိုလည်း M5 နဲ့တူညီတဲ့ ပုံစံပဲ ထပ်သုံးထားပေမယ့် M8 အတွက် အထူးတလယ် Tune ပြန်လုပ်ပေးထားတယ်။ BMW ကတော့ M8 အတွက် Cabriolet နဲ့ Grand Coupe ဗားရှင်းတွေကိုလည်း ထုတ်လုပ်သွားမယ်လို့ ဝန်ခံထားတာကြောင့် Coupe မော်ဒယ်တွေ ရောင်းချပြီး သိပ်မကြာခင် ထွက်လာဖို့ မျှော်မှန်းရပါတယ်။

Ref – TopGear

© Copyright 2019 Optima Werkz Yangon